ခဝေး တွေကိုဗျင်းဖို့ အားဖြည့်နေပြီ

တနင်္သာရီတိုင်းတွင် PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ မွမ်းမံသင်တန်း ဆင်း ရဲဘော်များကို NUG က လက်နက်များ ထပ်မံ တပ်ဆင် ရန်ကုန်၊ ဇန်နဝါရီ ၈ တနင်္သာရီတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသရှိ PDF အထူး စစ်ဆင်ရေးတပ်ဖွဲ့မှ မွမ်းမံသင်တန်းဆင်းရဲဘော်များကို လက်နက် တပ်ဆင် အခမ်းအနားပြုလုပ်ကြောင်း သိရှိရသည်။ လက်နက်တပ်ဆင် အခမ်းအနားသို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒု-စစ်ဒေသခွဲမှူး-၂ ရဲဘော်ဂျူပီတာ တက်ရောက် ခဲ့ပြီး အမျိုးသား ညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုင်းစစ်ဌာန(တနင်္သာရီ) အတွင်း စစ်ဆင်ရေး ရည် မှန်းချက်များနှင့် နွေဦးတော်လှန်ရေး ၂ နှစ်ကျော် ကာလ အတွင်း အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် စိတ်ဓာတ်မာကျောစွာ တိုက်ပွဲဝင် နေကြသော ရဲဘော်များ၏ ရဲစွမ်းသတ္တိကို ချီးမွမ်းဂုဏ်ပြု စကား ပြော ကြားခဲ့ကြောင်း သိရှိရသည်။ ထို့နောက် PDF သင်တန်းဆင်းရဲဘော်များကိုယ်စား တပ်ရင်းတာဝန်ရှိသူများက ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *