လေဘဲတွေဘာမှမပါပဲ မတာချရတယ်ဆိုပဲ
KIA က ပစ်ချလိုက်သော Mi17 ရဟတ်ယာဉ်ပေါ်မှ ဗိုလ်မှူးဇော်မျိုးသန့်၊ ဗိုလ်ကြီးကောင်းစံသိဏ်း၊ ဗိုလ်ကြီးစိုးပိုင်ကျော်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း၊ တပ်ကြပ်ကြီး စိုးလွင်ဦး၊ တပ်ကြပ်ကြီး မျိုးမင်းဦး၊ တပ်ကြပ်ကြီး ဝေယံဦးနှင့် တပ်ကြပ်ကြီး စွမ်းထက်အောင်တို့၏ နာရေး ရက်လည်ဆွမ်းသွပ် မြစ်ကြီးနား လေတပ်ဌာနချုပ်တွင် အလောင်းမပါဘဲ ပြုလုပ်ရန်ကုန်၊ ဇန်နဝါရီ ၉ ကချင်ပြည်နယ်၊ ၀ိုင်းမော်တွင် KIA က ပစ်ချလိုက်သဖြင့် ပျက်ကျသွားသော Mi17 ရဟတ်ယာဉ်ပေါ်မှ ဗိုလ်မှူးဇော်မျိုးသန့်၊ ဗိုလ်ကြီးကောင်းစံသိဏ်း၊ ဗိုလ်ကြီးစိုးပိုင်ကျော်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း၊ တပ်ကြပ်ကြီး စိုးလွင်ဦး၊ တပ်ကြပ်ကြီး မျိုးမင်းဦး၊ တပ်ကြပ်ကြီး ဝေယံဦးနှင့် တပ်ကြပ်ကြီး စွမ်းထက်အောင်တို့၏ နာရေး ရက်လည်ဆွမ်းသွပ်ကို ယနေ့ မြစ်ကြီးနား လေတပ်ဌာနချုပ်တွင် အလောင်းမပါဘဲ ပြုလုပ်ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်တွင် နာဖော့စစ်တပ်စခန်းကို ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချ လိုက်ခြင်းဖြစ်ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း၊ ရဟတ် ယာဉ်မှူး ဖြစ်သူ DSA အမှတ်စဥ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့်ဖြစ်ကြောင်း သိရှိရသည်။ KIA က ပစ်ချလိုက်သဖြင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်၊ အမှတ် ၂၇ ရဟတ်ယာဉ်အုပ်မှ Mi17 ရဟတ်ယာဉ်ဖြင့် လိုက်ပါသော ဗိုလ်မှူးဇော်မျိုးသန့် အသက် ၄၂ နှစ်၊ ဗိုလ်ကြီး ကောင်းစံသိမ်းဏ် အသက် ၃၃ နှစ် ၊ ဗိုလ်ကြီး စိုးပိုင်ကျော် အသက် ၃၁ နှစ်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း အသက် ၄၂ နှစ်၊ ဦးစီးတပ်ကြပ်ကြီး စိုးလွင်ဦး အသက် ၃၆ နှစ်၊ ဦးစီးတပ်ကြပ်ကြီး မျိုးမင်းဦး အသက် ၃၇ နှစ်၊ ဦးစီးတပ်ကြပ်ကြီး ဝေယံဦး အသက် ၃၁ နှစ်၊ နှင့် ဦးစီးတပ်ကြပ်ကြီး စွမ်းထက်အောင် အသက် ၂၃ နှစ်တို့ သေဆုံးခဲ့ကြကြောင်း သိရှိရသည်။ “ကျနော်တို့သိတာတော့ ရက်လည် ဆွမ်းသွပ်ကို အလောင်းမပါဘဲ ဓာတ်ပုံနဲ့ အခေါင်းချပြီး မြစ်ကြီးလေတပ်စခန်းဌာနချုပ်မှာ လုပ်တယ်လို့ သိရတယ်” ဟု လေတပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
Comments
No comments yet. Why don’t you start the discussion?
Leave a Reply
Your email address will not be published. Required fields are marked *