ရေတာရှည်မွှင်းခါး၅ပွဲကြိတ်လိုက်ပြီး

ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်း သေဆုံးရန်ကုန်၊ ဇန်နဝါရီ ၉ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၅ နာရီ မိနစ် ၃၀ ခန့်က ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာသို့ အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက်ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပုဝါနီ စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ညပို်ငးတွင်း တပ်ပြန်ရုတ်ထားပြီး ကင်းပုန်းများ ချထား ခဲ့ရာ ယင်းကင်းပုန်းနေရာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအ ထိအခိုက်မရှိအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီစစ်တပ် စစ်ကြောင်းမှာ အင်းဒိုင်းကျေးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း ပုဝါနီစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

ေရတာရွည္ၿမိဳ႕နယ္၊ ႏွောပင္ေက်း႐ြာတြင္ တိုက္ပြဲျဖစ္ၿပီး စစ္ေကာင္စီတပ္သား ၅ ဦး ထက္မနည္း ေသဆုံးရန္ကုန္၊ ဇန္နဝါရီ ၉ ပဲခူးတိုင္း၊ ေတာင္ငူခရိုင္၊ ေရတာရွည္ၿမိဳ႕နယ္၊ ႏွောပင္ေက်း႐ြာတြင္ တိုက္ပြဲျဖစ္ၿပီး အၾကမ္းဖက္စစ္ ေကာင္စီတပ္သား ၅ ဦးထက္မနည္းေသဆုံးခဲ့ေၾကာင္း ပုဝါနီစစ္ေၾကာင္းထံမွ သိရသည္။ယေန႕ ဇန္နဝါရီလ ၉ ရက္ နံနက္ ၅ နာရီ မိနစ္ ၃၀ ခန႔္က ေရတာရွည္ၿမိဳ႕နယ္၊ ႏွောပင္ေက်း႐ြာသို႔ အင္အား ၆၀ ခန႔္ျဖင့္ ဝင္ေရာက္ေရာက္ရွိေနေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားကို ပုဝါနီ စစ္ေၾကာင္းမွ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ အျပန္အလွန္ပစ္ခတ္တိုက္ပြဲ ၁ နာရီခြဲခန႔္ ၾကာျမင့္ခဲ့ၿပီး အၾကမ္းဖက္စစ္သား ၅ ဦးထက္မနည္းေသဆုံးခဲ့ေၾကာင္း သိရသည္။ယင္းအၾကမ္းဖက္စစ္တပ္ စစ္ေၾကာင္းသည္ ညပို္ငးတြင္း တပ္ျပန္႐ုတ္ထားၿပီး ကင္းပုန္းမ်ား ခ်ထား ခဲ့ရာ ယင္းကင္းပုန္းေနရာကို ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပည္သူ႕ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားအ ထိအခိုက္မရွိေအာင္ျမင္စြာ တိုက္ခိုက္နိုင္ခဲ့ေၾကာင္း သိရသည္။တိုက္ပြဲျဖစ္ၿပီးေနာက္ အၾကမ္းဖက္စစ္ေကာင္စီစစ္တပ္ စစ္ေၾကာင္းမွာ အင္းဒိုင္းေက်း႐ြာဘက္သို႔ ဆုတ္ခြာသြားေၾကာင္း ပုဝါနီစစ္ေၾကာင္းမွ ထုတ္ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *