မ ကွေးမြို့သစ်အုပ်ကြီးဆို့အောက်😀😀😀

မြို့သစ်၊ အိုးကုန်းက စစ်အုပ်စုထောက်တိုင်သတင်းပေးအုပ်ကြီး အရှင်းခံရလို့ပွဲချင်းပြီးဇန်နဝါရီ ၉မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲက အိုးကုန်းရွာ စကစခန့်အုပ်ကြီး သတင်းပေး၊ဒလန်ကို မြို့ပြပြောက်ကျားရဲဘော်တွေက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare( မကွေးပျောက်ကြားတပ်ဖွဲ့)ပြောခွင့်ရသူက ပြောပါတယ်။ယမန်နေ့မွန်းလွဲပိုင်းက အိုးကုန်းက ဒလန်သတင်းပေး၊ စကစခန့်အုပ်ကြီး ဇော်ဝင်း(ခ)မှတ်ကြီးဆိုသူကို ၎င်းနေအိမ်မှာ သေနတ်နဲ့ ၄ချက်ပစ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။”တကယ့်ကိုဒလန်သတင်းပေး လောက်ကောင်အစစ်မို့ ကျနော်တို့က ရှင်းလင်းလိုက်တာပါ။ သူကြောင့် စခတွေဖမ်းသွားတာ ကျနော်ဆို့လူတွေ မနည်းတော့ဘူး ဒါ့ကြောင့်ရှင်းပစ်ရတာ”လို့ပြောခွင့်ရသူကပြောပါတယ်။တော်လှန်ရေးရဲဘော်တွေရဲ့ ပစ်ခတ်ရှင်လင်းခံရတဲ့အုပ်ကြီးဆိုသူဟာ အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်မှ ရဲဘော်ခြောက်ဦးသတင်းအချက်အလက်များကို ပို့ပေးခြင်း၊ ထောက်ပို့များကို ဖမ်းဆီးခြင်း၊ ပျူစောထီးများ ဖွဲ့ပြီး အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် ဘဏ်ငွေကြေးများ ခြိမ်းခြောက်တောင်းခံခြင်းတို့ကို ပြုလုပ်နေသူ ဖြစ်လို့အပြီးရှင်းပစ်ခဲ့တာလို့ဆိုပါတယ်။အဆိုပါစစ်ဆင်ရေးကို Magway Guerrilla Warfare( မကွေးပျောက်ကြားတပ်ဖွဲ့)၊ TDG Special Guerrilla Force(တောင်တွင်းကြီးအထူးပျောက်ကြားတပ်ဖွဲ့) နှင့် Yenanthar Youth Force တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *