သာလီစွပါအမျိုးတို့ မနက်စာ ရခိုင်မွှင်းခါး၁၅ပွဲ

မြောက်ဦးအခြေစိုက် ခမရ ၅၄၀ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ပလက်၀ စစ်ကောင်စီ တပ်စခန်းများကို AA က ချေမှုန်းမှု စစ်သား အလောင်းများ၊ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

■ စစ်တပ်က ရခိုင်လူမျိုး အပြစ်မဲ့ ပြည်သူ ၄ ဦးကို ပစ်ခတ်သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဥိးအခြေစိုက် ခမရ ၅၄၀ မှ အင်အား ၅၀ ကျော်ခန့်ရှိ စစ် ကြောင်းကို ရက္ခိုင့်တပ်တော် AA ကတိုက်ခိုက်ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့ မြောက်ဦးအခြေစိုက် အကြမ်းဖက် စစ်ကောင် စီတပ်၏ ခမရ ၅၄၀ မှ အင်အား ၅၀ ကျော်ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့် တပ် တော် တို့ သကျမာရ်အောင် ဘုရားအနီးတွင် မိနစ်အနည်းငယ်ကြာ ထိတွေ့ တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်မှ အထိနာခဲ့ပြီး (၁၅) ဦးထက်မနည်းကျဆုံးခဲ့ကာ ဒဏ်ရာရရှိ သူများ ထပ်မံရှိနိုင်ကြောင်း AA က ပြောဆိုထားသည်။

AA ၏ တိုက်ခိုက်မှုကြောင့် အထိနာနေသော ခမရ ၅၄၀ စစ်ကြောင်းက မြောက် ဦး မြို့ အတွင်းသို့ ဆုတ်ပြေးစဉ် လမ်းတွင် တွေ့ရှိသော မြောက်ဦးမြိုခံ ၃ ဦးကို လူသားဒိုင်းကာလုပ်၍ ခမရ ၅၄၀ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း၊ အဆိုပါအပြစ်မဲ့ အရပ်သား ၃ ဦးစလုံးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ် သတ် ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ ညနေပိုင်းအချိန် ခမရ (၅၄၀) တပ်ရင်းက မြောက်ဦး မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ် သား ပြည်သူ (၁) ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူ လူထုကို သတ်ဖြတ်သွားပြီး စစ်ရာဇ ဝတ်မှု ကျူးလွန်နေသော ခမရ ၅၄၀ တပ်ရင်းကို ပြတ်ပြတ်သားသား လက်စား ချေတုံ့ ပြန်သွားမည်ဖြစ်ကြောင်း AA က ပြောဆိုသည် ။

ထို့အတူ ရက္ခိုင့်တပ်တော်အနေဖြင့် ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီ ကင်းစင်သည့် နယ်မြေဖြစ်လာနိုင်ရန်အတွက် ပလက်ဝမြိုပတ်ဝန်းကျင်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်၏ အနည်းငယ်သော လက်ကျန် စခန်း များကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသဖြင့် ပလက်ဝ မြို့ ပတ်ဝန်း ကျင်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၉ ရက် တစ်နေ့လုံး ပလက်ဝမြို့အနီးပတ်ဝန်းကျင်တွင် ရက္ခိုင့် တပ် တော် နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ် များဖြင့် အပြင်း အထန်ခုခံတိုက်ခိုက်လျက်ရှိသကဲ့သို AA ကလည်း အပြီးသတ် သိမ်းပိုက် ရယူရေး အတွက် ကြိုးပမ်းတိုက်ခိုက်လျက်ရှိကြောင်း၊ တိုက်ပွဲများတွင် စစ်သား အလောင်းအများအပြားနှင့် လက်နက်ခဲယမ်း အမြောက်အမြားတို ကိုလည်း ယမန်နေ့တွင်ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ပလက်ဝနှင့် ကျောက်တော်အစပ်တွင်ရှိသော စစ်ကောင်စီ၏ မီးဝ ဗျူဟာကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်က တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ထိုတိုက်ပွဲ အတွင်း တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များကို ကြိမ်ဖန်များစွာသုံး၍ လာ ရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *