မင်းသမီးအိန္ဒြာကျော်ဇင်ရဲ့ဖြစ်တည်မှုတွေကို သူမရင်ထဲရှိတဲ့အတိုင်းပြောချလိုက်တဲ့ ဆုထက်လှိုင်

မင်းသမီးအိန္ဒြာကျော်ဇင်ရဲ့ဖြစ်တည်မှုတွေကို သူမရင်ထဲရှိတဲ့အတိုင်းပြောချလိုက်တဲ့ ဆုထက်လှိုင်

ပရိသတ်ကြီးရေ ဆုထက်လှိုင်ကတော့အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲကနေ အနုပညာလောကထဲကိုစတင် ဝင်ရောက်ခဲ့တဲ့သူပါ။ သီချင်းတွေများစွာထွက်ရှိခဲ့ပြီး အခုနောက်ပိုင်း မှာတော့ သရုပ်ဆောင်ဘက်ကိုပါ အားဖြည့်လုပ်ဆောင်လျက်ရှိတာ ပါ။ အခုတစ်ခါမှာတော့ဆုထက်လှိုင်ဟာမင်းသမီးချောအိန္ဒြာကျော်ဇင်ရဲ့ပင်ကိုယ်အလှတရားနဲ့သူမရဲ့ဖြစ်တည်မှုတွေကိုတစ်ခုချင်းပြောပြလာခဲ့ပါတယ်။မအူဝဲကို ပထမဦးဆုံးအနေနဲ့ ပွဲတက်တစ်ခုမှာမြင်ဖူးတာပါ။ မအူ ဝဲကတော်တော်လှတာပါ။ အင်္ကျီအမဲလေးနဲ့ ဒီအသက်ဒီအရွယ်ထိ ဒီ လိုခန္တာကိုယ်ကောက်ကြောင်းကို

ထိန်းထားနိုင်တာ မလယ်ဘူး။ ဆုထက်ဆိုရင် ဝိတ်တွေက အတက် တွေအကျတွေနဲ့ အစားသောက်ကလဲကြိုက်တာနဲ့ဆိုတော့ အမကို တော့ တော်တော်ချီကျူးပါတယ်။ သူ့မွေးရာပါလှတာရော သူ ထိန်းသိမ်းနိုင်တာရော ပြီးတော့ စိတ်ဓာတ်စံနမူနာခံယူချက် အားလုံး ကိုအရမ်းချစ်ပါတယ်။ အမကိုတွေ့ရင် အနမ်းတွေပေးချင်တယ်။ ကိုယ်ချစ်ရင် ကိုင်ကြည့်ချင်တယ် ထိကြည့်ချင်တယ် ကိုယ်အရမ်းချစ် ရတဲ့သူဆိုတော့။

အပြင်မှာလဲအဝေးကနေဘဲမြင်ဖူးတာ။ အနီးကပ်မမြင်ဖူးဘူး အမကို တစိမ့်စိမ့်ထိုင်ကြည့်ချင်တယ်။ အမတစ်ခေတ်ကလဲဖြစ်ခဲ့တယ်။ ခု ချိန်ထိခေတ်ရေစီးကြောင်းအတိုင်းလဲ ဖက်ရှင်တွေက လိုက်ပါစီး မြောနိုင်တယ်။ အမလိုဖြစ်အောင် ဆုထက်ကတော့ အများကြီး ဝမ်းစာတွေဖြည့်ရအုန်းမှာပါ။ ဆုထက်ကိုယ်လဲ မမဦးနဲ့မတူတဲ့ ဇာတ်ရုပ်မျိုးတွေနဲ့ထက်လာရင်လဲအားပေးကြံပါအုန်းလို့ ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

Credit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *