ထမင်းစားပြီးပြီးချင်း ကော်ဖီမသောက်သင့်တဲ့ အကြောင်းအရင်းများ
မနက်စာစားပြီးတာနဲ့ ကော်ဖီပူပူလေးတစ်ခွက် လိုအပ်သလို နေ့လည်စာစားအပြီးမှာ
cappuccino ပူပူလေးတစ်ခွက်က မပါမဖြစ်ဆိုတဲ့သူမျိုးတွေ ရှိကြမှာပါ။
နောက်ပြီး လေးလံတဲ့တစ်နေ့တာကို ဖြတ်သန်းဖို့ တစ်နေ့ကုန်အားအင်အပြည့်နဲ့
လှုပ်ရှားနိုင်ဖို့အတွက် ခပ်ပြင်းပြင်း espresso တစ်ခွက် လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အစားစားပြီးတိုင်း ကော်ဖီသောက်တတ်တဲ့ အလေ့အကျင့်က
သင့်ကျန်းမာရေးနဲ့ သင့်ရုပ်ရည်ကို ထိခိုက်စေနိုင်ပါတယ်။
-အသားအရေကို ခြောက်သွေ့စေတယ်
အရသာရှိတဲ့ ကော်ဖီတစ်ခွက်ဟာ မနက်ခင်းမှာ သင့်ကိုနိုးထစေပြီး သင့်ရဲ့ကျန်းမာရေးကို
များစွာအကျိုးပြုပါတယ်။ ဒါပေမယ့် ထမင်းစားပြီးတာနဲ့ ကော်ဖီတန်းသောက်တာက
သင့်ခန္ဓာကိုယ်ကနေ အစားအစာရဲ့အဟာရအကုန်လုံးကို မရရှိစေပဲ သံဓာတ်စုပ်ယူမှုကို 80% အထိ
လျော့ချပစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က သံဓာတ်လုံလောက်စွာမရတဲ့အခါ အသားအရေက
ပုံမှန်ထက်ပိုပြီး အရောင်ဖျော့လာကာ ခြောက်သွေ့ပြီး အရေးအကြောင်းတွေ ပိုဖြစ်လာတတ်ပါတယ်။
-သွားတွေကို ပျက်စီးစေတယ်
ထမင်းစားပြီးပြီးချင်း ကော်ဖီသောက်ခြင်းက ကယ်လ်စီယမ်အပါအဝင် တစ်ခြားလိုအပ်တဲ့
သတ္တုဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းကို နှေးကွေးသွားစေပါတယ်။
လူတွေဟာ ဆံပင်နဲ့ အရေပြားတွေကနေ ကယ်လ်စီယမ်ဓာတ်ကို သဘာဝအတိုင်းဆုံးရှုံးပြီး
ခန္ဓာကိုယ်ကနေ ဆီးနဲ့ချွေးအဖြစ် ဖယ်ထုတ်ပါတယ်။ ကော်ဖီသောက်ခြင်းက ခန္ဓာကိုယ်ကနေ
ကယ်လ်စီယမ်ဓာတ်ကို ပိုဆုံးရှုံးစေပြီး အစားအသောက်နဲ့မထိန်းဘူးဆိုရင်တော့ အရိုးနဲ့သွားတွေက
ကယ်လ်စီယမ်ဓာတ်ကို နောက်ဆုံးမှရရှိကြမှာဖြစ်လို့ ကယ်လ်စီယမ်မလုံလောက်မှုကြောင့်
သွားနဲ့ သွားဖုံးတွေကို ထိခိုက်လာစေနိုင်ပါတယ်။
-Cholesterol level ကို တိုးစေတယ်
ကော်ဖီမှာပါတဲ့ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ ကိုလက်စထရောကို ထိန်းညှိပေးတဲ့စွမ်းရည်ကို
ထိခိုက်နိုင်စေပြီး ဒါက cholesterol level ကို မြှင့်တက်စေနိုင်ကြောင်း
လေ့လာမှုတွေအရ တွေ့ရှိထားခဲ့တာ ဖြစ်ပါတယ်။
-ဆံသားတွေကို ပျက်စီးစေတယ်
ကိုယ်စားလိုက်တဲ့ နေ့လည်စာဟာ အဟာရမျှတပြီးကောင်းမွန်ပေမယ့်လို့
စားပြီးပြီးချင်း ကော်ဖီသောက်လိုက်တဲ့အခါမှာ စောစောကစားထားတာတွေက မထိရောက်တော့ပါဘူး။
အစာစားပြီးနောက် ကော်ဖီသောက်ခြင်းက အရေးကြီးတဲ့ဓာတ်သတ္တုတွေကို
ခန္ဓာကိုယ်ကနေ စုပ်ယူနိုင်စွမ်းအားနည်းသွားပြီး ဆံပင်သားတွေကိုလည်း ထိခိုစေနိုင်ပါတယ်။
သံဓာတ်ချို့တဲ့ခြင်းက ဆံပင်ကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ ဆဲလ်တွေရဲ့ပြုပြင်နိုင်စွမ်းကို ထိခိုက်သွားစေတာပါ။
အကျိုးဆက်ကတော့ ဆံပင်ကျွတ်ခြင်းတွေ ဖြစ်လာစေပြီး ဆံပင်သားတွေပါးလာစေတာပါ။
Credit