လန ရပြီးပြေးကြကွာ

ရွှေတောင်၊ ပန်းတောင်းနှင့် ပဲခူးမြို့ရှိ ကျေးရွာများတွင် စစ်တပ်က ပြည်သူ့စစ် ဖွဲ့စည်းရန် တစ်ရွာလျှင် လူဦးရေ ၃၀ မှ ၁၀၀ ကြား တောင်းခံနေရန်ကုန်၊ ဇန်နဝါရီ ၁၁ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ ပန်းတောင်းမြို့နှင့် ပဲခူးမြို့ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ် ဖွဲ့စည်းရန် တစ်ရွာလျှင် လူဦးရေ ၃၀ မှ ၁၀၀ ကြား တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ဇန်နဝါရီလမှ စတင်ကာ ပဲခူးတိုင်း အနောက်ပိုင်း ပန်းတောင်းမြို့ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ် ဖွဲ့စည်းရန် တစ်ရွာလျှင် လူ ၃၀ ဦး အတင်းတောင်းခံထားပြီး တစ်အိမ် တစ်ဦးနှုန်း မဲနှိက်ကာ လူရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။”အခု မဲနှိက်ပြီး လိုက်နေရမယ်လို့ သိရပါတယ်။ ပြည်သူတွေက စစ်တပ်ကို ထောက်ခံသူ လုံးဝမရှိသလောက်ပါပဲပြည်သူတွေ အနေနဲ့ကတော့ မြန်မြန် စစ်အာဏာရှင်အမြစ်ပြတ်စေဖို့ ကိုယ့်လူသူ့ဘက်သား နေနေရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။အလားတူ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ်ဖွဲ့ရန် တစ်ရွာလျှင်အနည်းဆုံး လူ ၃၀ ဦး တောင်းခံထားပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရပ်ရွာရာအိမ်မှူးများက လူစာရင်း လိုက်ခံကောက်ခံလျက်ရှိကြောင်း သိရသည်။ထို့ပြင် ပဲခူးမြို့နယ် အတွင်းရှိ ကျေးရွာများတွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ် ဖွဲ့စည်းရန် ရွာငယ်တစ်ရွာလျှင် လူ ၂၀ ဦး၊ ရွာကြီးတစ်ရွာလျှင် လူ ၅၀ မှ ၁၀၀ ကြား ကျေးရွာ လူကြီးများထံမှ တဆင့် တောင်းခံထားကြောင်း သိရှိရသည်။” လူငယ်တွေမရှိဘူး နိုင်ငံခြားသွားကုန်ပြီ ပြောလို့ လူငယ်မရှိရင် လူကြီးများ စစ်မှုထမ်း ရမယ် ဆိုပြီး သေနတ်ထမ်းနိုင်ရင် ပြီးရောလို့ ပြောတယ်။ ကြိမ်းမောင်း ဆဲဆိုတာတွေလည်း လုပ်တယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *