ဒီသတင်းအမှန်ဆိုသတိကြီးကြီးထားရမယ်

ဧရာ၀တီတိုင်းတွင် တော်လှန်ရေးအဖွဲ့၀င်များ၏ မိသားစုများကို စစ်ကောင်စီမှ စောင့်ကြည့်နောက်ယောင်ခံမှုများ လုပ်ဆောင်နေဇန်နဝါရီ ၁၁ဧရာ၀တီတိုင်းတွင် နိုင်ငံရေးမှုနှင့် တိမ်းရှောင်နေရသူများနှင့် PDFသို့၀င်ရောက်သွားသူများ၏ မိသားစု၀င်များကို ဇန်နဝါရီလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စောင့်ကြည့် နောက်ယောင်ခံမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သတင်းရရှိသည်။”အဓိကကတော့ ဖုန်း ဆက်သွယ်မှုတွေနဲ့ Wave နဲ့ K pay တွေကို စောင့်ကြည့်နေတယ်လို့ထင်တယ်။ ဟိုရက်ကဆိုလဲ ကောင်မလေးတစ်ယောက် PDFထဲ၀င်သွားတဲ့ အစ်ကိုနဲ့ဆက်သွယ်စကားပြောပြီး ညနေပိုင်းဆို အိမ်စီးကားနဲ့ လာဖမ်းသွားတာ တွေ့ရတယ်။ လူကိုမမိတော့ မိသားစုတွေ ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာ နောက်က ကားတစ်စီးနဲ့လိုက်နေတာမျိုးတွေကြုံနေရတယ်”ဟုနိုင်ငံရေးအမှုနှင့် တိမ်းရှောင်နေရသူ၏ မိသားစု၀င်မှ ပြောသည်။ပုသိမ်မြို့တွင်လည်း ဖုန်းဆက်သွယ်ပြောဆိုမိသည့် PDFတပ်ဖွဲ့၀င်များ၏မိသားစု၀င် နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဖုန်းများကိုစစ်ဆေးကာ ငါးရက်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်းဒေသခံများထံမှ သိရှိရသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲ၊ မီးသတ်နှင့် အုပ်ချုပ်ရေးအဖွဲ့များသည် ဧည့်စာရင်းစစ်ဆေးရာတွင် နိုင်ငံရေးမှုနှင့်တိမ်းရှောင်နေရသူများ၏ နေအိမ်နှင့် PDFသို့၀င်ရောက်သွားသူများ၏ နေအိမ်များကို အချိန်ကြာသည်အထိ စစ်ဆေးပြီး ရှောင်တခင်ရုတ်တရက်၀င်ရောက်ရှာဖွေမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။ဧရာ၀တီတိုင်းအတွင်းမြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် နိင်ငံရေးလှုပ်ရှားမှုများကြောင့် တိမ်းရှောင်နေသူများ၏ စာရင်းများကို ၂၀၂၃ခုနှစ် နို၀င်ဘာလအတွင်းလိုက်လံကောက်ယူခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ စောင့်ကြည့်နောက်ယောင်ခံလိုက်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *