ခုထိဇွဲမလျှော့သေးဘူး အကွက်ဟောင်းတွေပဲသုံးနေတယ်

တောင်ကြီးတွင် MNDAA ကို ယနေ့ ကန့်ကွက် ဆန္ဒပြရန် စစ်ကောင်စီနှင့် ပအို့ ပြည်သူ့စစ်များက တစ်အိမ် တစ်ယောက် မဖြစ်မနေ လာရောက်ရန် ခြိမ်းခြောက်ခေါ်ယူ

■ ဆန္ဒပြပွဲ မလာလျှင် ထောင်ချအရေးယူမည်ဟု ဖိအားပေးပြီး ဆန္ဒပြပွဲသို့ လူ ၂၀၀၀ ကျော် လာရမည်ဟု ဆင့်ခေါ်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် MNDAA ကိုကန့်ကွက် ဆန္ဒပြရန် စစ် ကောင် စီ နှင့် ပအို့ ပြည်သူ့စစ်များက တစ်အိမ်တစ်ယောက် မဖြစ်မနေ လာ ရောက် ခြိမ်းခြောက်ခေါ်ယူလိုက်ပြီး မလာရောက်သော အိမ်ထောင် စုများကို ထောင်ချအရေးယူမည်ဟု ဖိအားပေး လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် MNDAA ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးက စေတီကို တူဖြင့် ထုမှုနှင့်ပတ်သက်၍ MNDAA ကို ကန့်ကွက် ဆန္ဒပြရန် အတွက် စစ်ကောင်စီနှင့် ပအို့ ပြည်သူ့စစ်များက တောင်ကြီးမြို့ရှိ နေအိမ် များ နှင့် တောင်ကြီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများကို တစ်အိမ် ထောင် လျှင် တစ်ဦး မဖြစ်မနေ လာရောက်ရန် ခြိမ်းခြောက် ဖိအားပေး ခေါ်ယူ နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“တောင်ကြီးမှာ တအိမ်တယောက်မဖြစ်မနေ ဆန္ဒသွားပြရမယ်။ စစ်သားတွေ နဲ့ရွာလူကြီးတွေလိုက်ခိုင်းနေတယ်။ မသွားတဲ့သူတွေကို ထောင်ချအရေး ယူမယ် လို့ ပြောတယ် ။ စေတီတူနဲ့ထုတဲ့ကိစ္စအတွက် ကန့်ကွက်ဆန္ဒပြရမှ။ တောင်ကြီး၊ ပြည်နယ်အားကစားဘောလုံးကွင်းမှာ ဒီနေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် အရောက် လူစုကြမယ်။ မြို့နယ်စစ်ကောင်စီ ဥက္ကဌက ညွှန်ကြား ချက်ပေးပါတယ်။ မလာတဲ့အိမ်တွေကို ထောင်ချမယ်လို့ ခြိမ်းခြောက်ပါတယ်” ဟု တောင်ကြီးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

MNDAA ကို ကန့်ကွက်မည့် ဆန္ဒပြပွဲသို့ ပအို့ကျေးရွာများမှ ပြည်သူများကို အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်နေပြီး တောင်ပိုင်းကျောက်တလုံးဒေသမှ လူဦးရေ ၅၀၀ ၊ မြောက်ပိုင်း စလယ်ဒေသမှ လူဦးရေ ၅၀၀ ၊ ရွှေတောင် ရပ်ကွက် မှ လူဦးရေ ၂၀၀ ၊ ကျောင်းကြီးစုရပ်ကွက်မှ လူဦးရေ ၂၀၀ ၊ ဘုရားဖြူရပ်ကွက်မှ လူဦးရေ ၁၅၀၊ ညောင်ဖြူစခန်းရပ်မှ လူဦးရေ ၁၀၀ ၊ စိန်ပန်းရပ်မှ လူဦးရေ ၁၀၀ ၊ကျန်ရပ်ကွက်ငယ်များမှ တစ်ရပ်ကွက်လျှင် လူဦးရေ ၅၀ ထက်မနည်း အသီးသီး မလိုက်မနေရ စစ်ကောင်စီက ဆင့်ခေါ်ထားကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးနှင့်ရန်ကုန်မှ မဘသနှင့် အစွန်းရောက် အမျိုးသားဝါဒီများ ကလည်း တောင်ကြီး ဆန္ဒပြပွဲကို လူထု ဆန္ဒပြပွဲပုံစံ ဖြစ်ပေါ်ရေး လာရောက် ပူးပေါင်းကြမည်ဟု သိရှိရသည်။

” မန္တလေး၊ ကျောက်ဆည် မဘသ(ခ)မျိုးချစ်ရဟန်း တွေလာမယ်။ တောင်ကြီး မြို့ ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးကိုလည်း မော်တော်ယာဉ်တွေ ပေးပြီး သံဃာတော်များလိုက်ပါရန် ပြောဆိုတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ တောင်ကြီးမြို့မှ MNDAA အပေါ် ဆန္ဒပြပွဲကို ပြည်နယ်ဘောလုံးကွင်း တွင် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် စတင် ချီတက် ထွက်ခွာမည်ဖြစ်ပြီး စုဠာမုနိ ဘုရားကုန်းသို့ လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။

ေတာင္ႀကီးတြင္ MNDAA ကို ယေန႔ ကန႔္ကြက္ ဆႏၵျပရန္ စစ္ေကာင္စီႏွင့္ ပအို႔ ျပည္သူ႔စစ္မ်ားက တစ္အိမ္ တစ္ေယာက္ မျဖစ္မေန လာေရာက္ရန္ ၿခိမ္းေျခာက္ေခၚယူ
■ ဆႏၵျပပြဲ မလာလွ်င္ ေထာင္ခ်အေရးယူမည္ဟု ဖိအားေပးၿပီး ဆႏၵျပပြဲသို႔ လူ ၂၀၀၀ ေက်ာ္ လာရမည္ဟု ဆင့္ေခၚထား
ရန္ကုန္၊ ဇန္နဝါရီ ၁၂
ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕တြင္ MNDAA ကိုကန႔္ကြက္ ဆႏၵျပရန္ စစ္ ေကာင္ စီ ႏွင့္ ပအို႔ ျပည္သူ႔စစ္မ်ားက တစ္အိမ္တစ္ေယာက္ မျဖစ္မေန လာ ေရာက္ ၿခိမ္းေျခာက္ေခၚယူလိုက္ၿပီး မလာေရာက္ေသာ အိမ္ေထာင္ စုမ်ားကို ေထာင္ခ်အေရးယူမည္ဟု ဖိအားေပး လ်က္ရွိေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုၾကသည္။
ယေန႔ ဇန္နဝါရီလ ၁၂ ရက္ေန႔တြင္ MNDAA ဝတ္စုံ ဝတ္ဆင္ထားသူတစ္ဦးက ေစတီကို တူျဖင့္ ထုမႈႏွင့္ပတ္သက္၍ MNDAA ကို ကန႔္ကြက္ ဆႏၵျပရန္ အတြက္ စစ္ေကာင္စီႏွင့္ ပအို႔ ျပည္သူ႔စစ္မ်ားက ေတာင္ႀကီးၿမိဳ႕ရွိ ေနအိမ္ မ်ား ႏွင့္ ေတာင္ႀကီးပတ္ဝန္းက်င္ ေက်း႐ြာမ်ားမွ ျပည္သူမ်ားကို တစ္အိမ္ ေထာင္ လွ်င္ တစ္ဦး မျဖစ္မေန လာေရာက္ရန္ ၿခိမ္းေျခာက္ ဖိအားေပး ေခၚယူ ေနျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ေတာင္ႀကီးမွာ တအိမ္တေယာက္မျဖစ္မေန ဆႏၵသြားျပရမယ္။ စစ္သားေတြ နဲ႔႐ြာလူႀကီးေတြလိုက္ခိုင္းေနတယ္။ မသြားတဲ့သူေတြကို ေထာင္ခ်အေရး ယူမယ္ လို႔ ေျပာတယ္ ။ ေစတီတူနဲ႔ထုတဲ့ကိစၥအတြက္ ကန႔္ကြက္ဆႏၵျပရမွ။ ေတာင္ႀကီး၊ ျပည္နယ္အားကစားေဘာလုံးကြင္းမွာ ဒီေန႔ မြန္းတည့္ ၁၂ နာရီ ၃၀ မိနစ္ အေရာက္ လူစုၾကမယ္။ ၿမိဳ႕နယ္စစ္ေကာင္စီ ဥကၠဌက ၫႊန္ၾကား ခ်က္ေပးပါတယ္။ မလာတဲ့အိမ္ေတြကို ေထာင္ခ်မယ္လို႔ ၿခိမ္းေျခာက္ပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕မွ ျပည္သူတစ္ဦးက ေျပာဆိုသည္။
MNDAA ကို ကန႔္ကြက္မည့္ ဆႏၵျပပြဲသို႔ ပအို႔ေက်း႐ြာမ်ားမွ ျပည္သူမ်ားကို အတင္းအက်ပ္ ဖိအားေပး ဆင့္ေခၚေနၿပီး ေတာင္ပိုင္းေက်ာက္တလုံးေဒသမွ လူဦးေရ ၅၀၀ ၊ ေျမာက္ပိုင္း စလယ္ေဒသမွ လူဦးေရ ၅၀၀ ၊ ေ႐ႊေတာင္ ရပ္ကြက္ မွ လူဦးေရ ၂၀၀ ၊ ေက်ာင္းႀကီးစုရပ္ကြက္မွ လူဦးေရ ၂၀၀ ၊ ဘုရားျဖဴရပ္ကြက္မွ လူဦးေရ ၁၅၀၊ ေညာင္ျဖဴစခန္းရပ္မွ လူဦးေရ ၁၀၀ ၊ စိန္ပန္းရပ္မွ လူဦးေရ ၁၀၀ ၊က်န္ရပ္ကြက္ငယ္မ်ားမွ တစ္ရပ္ကြက္လွ်င္ လူဦးေရ ၅၀ ထက္မနည္း အသီးသီး မလိုက္မေနရ စစ္ေကာင္စီက ဆင့္ေခၚထားေၾကာင္း သိရွိရသည္။
ထို႔ျပင္ မႏၲေလးႏွင့္ရန္ကုန္မွ မဘသႏွင့္ အစြန္းေရာက္ အမ်ိဳးသားဝါဒီမ်ား ကလည္း ေတာင္ႀကီး ဆႏၵျပပြဲကို လူထု ဆႏၵျပပြဲပုံစံ ျဖစ္ေပၚေရး လာေရာက္ ပူးေပါင္းၾကမည္ဟု သိရွိရသည္။
” မႏၲေလး၊ ေက်ာက္ဆည္ မဘသ(ခ)မ်ိဳးခ်စ္ရဟန္း ေတြလာမယ္။ ေတာင္ႀကီး ၿမိဳ႕ ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္းအသီးသီးကိုလည္း ေမာ္ေတာ္ယာဥ္ေတြ ေပးၿပီး သံဃာေတာ္မ်ားလိုက္ပါရန္ ေျပာဆိုတယ္” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာဆိုသည္။
ယေန႔ ေတာင္ႀကီးၿမိဳ႕မွ MNDAA အေပၚ ဆႏၵျပပြဲကို ျပည္နယ္ေဘာလုံးကြင္း တြင္ မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္ စတင္ ခ်ီတက္ ထြက္ခြာမည္ျဖစ္ၿပီး စုဠာမုနိ ဘုရားကုန္းသို႔ လမ္းေလွ်ာက္ဆႏၵျပမည္ျဖစ္ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *