ကျက်သရေရှိတဲ့ သတင်းနဲ့ မနက်ခင်းအဖွင့်လှပြီ

ပုလဲမြို့နယ်တွင် ချင်းပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များ နှင့် တကွ အလင်းဝင်သဖြင့် ဆုငွေများ ချီးမြှင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ချင်းပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များနှင့်တကွ အလင်းဝင်လာသဖြင့် ဆုငွေများ ချီးမြှင့်ကြောင်း ပုလဲ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က ထုတ်ပြန် ပြောသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ (ပ.အ.ဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အဖွဲ့ထံသို့ ချင်းပြည်နယ် တစ်နေ ရာမှ စစ်သား ၃ ဦးက MA1 တစ်လက်၊ MA3 တစ်လက်၊ လက်ပစ်ဗုံး ၆ လုံး၊ ကျည်ဘောက် ၆ ခု၊ ၅.၅၆ ကျည်ဆန် ၄၉၀ တောင့်တို့ကို သယ်ဆောင်လာကာ လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ထံသို့အလင်းဝင်ခိုလှုံလာကြောင်း သိရှိ ရ သည်။

ပြည်သူ့ရင်ခွင်ထံသို့အလင်းဝင်ခိုလှုံလာသော အလင်းဝင်စစ်သား ၃ ဦးကို ပုလဲ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) တို့က တစ်ဦးလျှင်ငွေကျပ် ၇၀ သိန်း နှင့် ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ၁ သိန်းကျပ်စီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပုလဲၿမိဳ႕နယ္တြင္ ခ်င္းျပည္နယ္မွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃ ဦး လက္နက္မ်ား ႏွင့္ တကြ အလင္းဝင္သျဖင့္ ဆုေငြမ်ား ခ်ီးျမႇင့္
ရန္ကုန္၊ ဇန္နဝါရီ ၁၂
စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္တြင္ ခ်င္းျပည္နယ္မွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃ ဦး လက္နက္မ်ားႏွင့္တကြ အလင္းဝင္လာသျဖင့္ ဆုေငြမ်ား ခ်ီးျမႇင့္ေၾကာင္း ပုလဲ ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕(ပ.အ.ဖ)က ထုတ္ျပန္ ေျပာသည္။
ဇန္နဝါရီလ ၁၁ ရက္ေန႔ စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ ေရးအဖြဲ႕ (ပ.အ.ဖ)၊ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕(ပ.က.ဖ) အဖြဲ႕ထံသို႔ ခ်င္းျပည္နယ္ တစ္ေန ရာမွ စစ္သား ၃ ဦးက MA1 တစ္လက္၊ MA3 တစ္လက္၊ လက္ပစ္ဗုံး ၆ လုံး၊ က်ည္ေဘာက္ ၆ ခု၊ ၅.၅၆ က်ည္ဆန္ ၄၉၀ ေတာင့္တို႔ကို သယ္ေဆာင္လာကာ လက္နက္အျပည့္အစုံျဖင့္ ျပည္သူ႔ရင္ခြင္ထံသို႔အလင္းဝင္ခိုလႈံလာေၾကာင္း သိရွိ ရ သည္။
ျပည္သူ႔ရင္ခြင္ထံသို႔အလင္းဝင္ခိုလႈံလာေသာ အလင္းဝင္စစ္သား ၃ ဦးကို ပုလဲ ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕(ပ.အ.ဖ)၊ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕(ပ.က.ဖ) တို႔က တစ္ဦးလွ်င္ေငြက်ပ္ ၇၀ သိန္း ႏွင့္ ပုလဲၿမိဳ႕နယ္ လူသားစာနာတာဝန္ခံက ၁ သိန္းက်ပ္စီ ခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *