ကိုလှရွှေတို့သင်တန်းပေးနေချိန်ဆော်ခံရ(ရုပ်သံ)

မြောင်မြို့နယ် ရဲစခန်းအတွင်း စစ်သင်တန်းပေးနေချိန် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ)

++++++++++++++++++++++++

ဇန်နဝါရီ ၁၂ ရက်

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရဲစခန်းအတွင်း ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က စစ်ကောင်စီကောင်စီတပ်သားတွေ သင်တန်းပေးနေတဲ့ သတင်းအရ ညီနောင်မဟာမိတ်တပ်တွေ ပူးပေါင်းပြီး “Shar Htoo WAW”နည်းပညာတိုက်ခိုက်ရေး Fixed Wing Droneများဖြင့် Air BOMB ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFမှ သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ ရဲစခန်းအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး နယ်မြေ အခြေအနေအရ အတိအကျမသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

အထက်ပါဒရုန်းစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း-မြေလတ်PDF၊မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း-NRDF၊ မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း၊ CHAUK PDF ၊မြောင်မြို့မတပ် ပေါင်းစုတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

++++++++++++++++++++++++
ဇန်နဝါရီ ၁၂ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *