တရုတ်ကို အခဲမကျေမှုများလာသည့် စကစက ရွှေဘုန်းပွင့်ဘုရားပေါ်ရှိ တရုတ်စစ်သူကြီးရုပ်တု အဆောင်အယောင်များ အကုန်ချွတ်ချ

တရုတ်ကို အခဲမကျေမှုများလာသည့် စစ်ကောင်စီက တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားပေါ်ရှိ တရုတ်စစ်သူကြီးရုပ်တု အဆောင်အယောင်များ အကုန်ချွတ်ချ

ဇန်နဝါရီ ၁၂ ရက်

တရုတ်အပေါ် အခဲမကျေမှုများလာသည့် စစ်ကောင်စီတပ်က တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားပေါ်ရှိ တရုတ် စစ်သူကြီးရုပ်တုတွင် တပ်ဆင်ထားသည့် အဆောင်အ‌ယောင်များ အကုန်ချွတ်ချကာ ကန်တော့ပွဲများ ဖြုတ်သိမ်းထားကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားရှိ တရုတ်စစ်သူကြီးရုပ်တုကို တရုတ်နှင့် ပြေလည်သည့် ဆက်ဆံရေးရှိစဉ်က အဆောင်အယောင် များနှင့်ကိုးကွယ်ခဲ့ပြီး တရုတ်၏ဖိအားပေးမှုများ ရှိလာသည့် ယခုအခါတွင် စစ်သူကြီး ရုပ်တု၏ အဆောင်အယောင်နှင့် ပူဇော်မှုများကို ဖြုတ်ချထားကြောင်း ဒေသခံများထံမှ သိရသည်။

“အခုရက်ပိုင်းအတွင်းပဲ စစ်သူကြီးရုပ်တုကို ဆောင်းထားတဲ့ထီးတွေ၊ ဂြိုဟ်ထောင့် အကာအရံတွေနဲ့ ကန်တော့ပွဲတွေကိုပါ ဖြုတ်ချသွားတာ။ အခုရုပ်တုက ဟာလာ ဟင်းလင်းကြီးနဲ့ ထီးထီးကြီးကျန်ခဲ့တယ်” ဟု တောင်ကြီးမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက အဆောင်အယောင်ချထားသည့် အဆိုပါ တရုတ်စစ်သူကြီးရုပ်တုသည် အိမ့်စောင့် စစ်အစိုးရဦးနေ၀င်း လက်ထက်က တရုတ်ဖြူတပ်များနှင့် ဖြစ်ပွားနေသည့် စစ်ပွဲရပ်တန့်ရန်အတွက် ယက္ကန်းစင်တောင် ဆရာတော်တည်ထားခဲ့သည့် ရွှေဘုန်းပွင့် ဘုရားတွင် ဓာတ်ရိုက်၊ဓာတ်ဆင်လုပ်ကာ ကိုးကွယ်ခဲ့သည့် တရုတ်စစ်သူကြီး ရုပ်တု ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဦးသိန်းစိန်လက်ထက် လောက်ကိုင်တိုက်ပွဲတွင်လည်း ဓာတ်ရိုက် ဓာတ်ဆင်လုပ် ကိုးကွယ်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင်မူ မူလက ကိုးကွယ်မှုများပြုလုပ်ခဲ့သော်လည်း ယခုတွင်မူ စစ်ရှုံးနေ၍ အဆိုပါရုပ်တု၏ အဆောင်အယောင်များကို ဖယ်ရှားထားခဲ့ခြင်းဖြစ်သည်။

ရှမ်းမြောက်နှင့် တရုတ်နယ်စပ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တရုတ်နိုင်ငံ အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ တရုတ်နိုင်ငံသားများ ထိခိုက်မှုနှင့် ပတ်သက်၍ မကြာသေးမီက တရုတ်နိုင်ငံခြားရေးဒု၀န်ကြီးနှင့်အဖွဲ့ စစ်ကောင်စီကို လာရောက်တွေ့ဆုံပြီး ဖိအားပေးမှုများရှိခဲ့သည်ဟု သိရသည်။

ထို့ပြင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်သူများနှင့် လူကုန်ကူး‌မူးယစ်ဆေးဝါး ရောင်း၀ယ် သူများကို ဖမ်းဆီးပေးရန် တရုတ်နိုင်ငံက စစ်ကောင်စီကို ဖိအားပေးခိုင်းစေ မှုများရှိခဲ့သလို ၎င်းတို့၏ ပြည်သူတို့လိမ်လည်ခံရသည့် ငွေကြေးများကို ပြန်လည် လျော်ကြေးပေးရန်နှင့် တရုတ်နိုင်ငံကို ဆန္ဒပြခဲ့သူများကို ဖမ်းဆီးအရေးယူပေးရန် ဖိအားပေးခိုင်း စေမှုများရှိခဲ့သည်။

ယခုလတ်တလော တရုတ်ကြား၀င်ညှိနှိုင်းပေးမှုဖြင့် ပြုလုပ်ခဲ့ရသည့် ညီနောင် မဟာမိတ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှုမှာလည်း မအောင်မြင်ဘဲ သုံးကြိမ်တိုင်တိုင် ပျက်ပြားမှုများရှိခဲ့သည်။

အဆိုပါမကျေလည်မှုများအတွက် စစ်ခေါင်းဆောင် နှင့်အတူ ဗေဒင်၊ ယတြာအထူး ယုံကြည်သည့် ၎င်း၏ စစ်ကောင်စီတပ်က ဘုရားပေါ်တင်၍ ကိုးကွယ်ထားသည့် တရုတ်စစ်သူကြီးရုပ်တုကို ယခုကဲ့သို့ အဆောင်အယောင်များဖြုတ်ချကာ ဓာတ်ရိုက်၊ ဓာတ်ဆင်သဘောဖြင့် မှိန်ကုပ်စွာထားရှိခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားပေါ်ရှိ တရုတ် စစ်သူကြီးရုပ်တု

တ႐ုတ္ကို အခဲမေက်မႈမ်ားလာသည့္ စစ္ေကာင္စီက ေတာင္ႀကီးၿမိဳ႕ ေ႐ႊဘုန္းပြင့္ဘုရားေပၚရွိ တ႐ုတ္စစ္သူႀကီး႐ုပ္တု အေဆာင္အေယာင္မ်ား အကုန္ခြၽတ္ခ်
ဇန္နဝါရီ ၁၂ ရက္
တ႐ုတ္အေပၚ အခဲမေက်မႈမ်ားလာသည့္ စစ္ေကာင္စီတပ္က ေတာင္ႀကီးၿမိဳ႕ ေ႐ႊဘုန္းပြင့္ ဘုရားေပၚရွိ တ႐ုတ္ စစ္သူႀကီး႐ုပ္တုတြင္ တပ္ဆင္ထားသည့္ အေဆာင္အ‌ေယာင္မ်ား အကုန္ခြၽတ္ခ်ကာ ကန္ေတာ့ပြဲမ်ား ျဖဳတ္သိမ္းထားေၾကာင္း သိရသည္။
ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕ ေ႐ႊဘုန္းပြင့္ဘုရားရွိ တ႐ုတ္စစ္သူႀကီး႐ုပ္တုကို တ႐ုတ္ႏွင့္ ေျပလည္သည့္ ဆက္ဆံေရးရွိစဥ္က အေဆာင္အေယာင္ မ်ားႏွင့္ကိုးကြယ္ခဲ့ၿပီး တ႐ုတ္၏ဖိအားေပးမႈမ်ား ရွိလာသည့္ ယခုအခါတြင္ စစ္သူႀကီး ႐ုပ္တု၏ အေဆာင္အေယာင္ႏွင့္ ပူေဇာ္မႈမ်ားကို ျဖဳတ္ခ်ထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“အခုရက္ပိုင္းအတြင္းပဲ စစ္သူႀကီး႐ုပ္တုကို ေဆာင္းထားတဲ့ထီးေတြ၊ ၿဂိဳဟ္ေထာင့္ အကာအရံေတြနဲ႔ ကန္ေတာ့ပြဲေတြကိုပါ ျဖဳတ္ခ်သြားတာ။ အခု႐ုပ္တုက ဟာလာ ဟင္းလင္းႀကီးနဲ႔ ထီးထီးႀကီးက်န္ခဲ့တယ္” ဟု ေတာင္ႀကီးၿမိဳ႕ရွိ ေဒသခံတစ္ဦးက ေျပာသည္။
စစ္ေကာင္စီက အေဆာင္အေယာင္ခ်ထားသည့္ အဆိုပါ တ႐ုတ္စစ္သူႀကီး႐ုပ္တုသည္ အိမ့္ေစာင့္ စစ္အစိုးရဦးေန၀င္း လက္ထက္က တ႐ုတ္ျဖဴတပ္မ်ားႏွင့္ ျဖစ္ပြားေနသည့္ စစ္ပြဲရပ္တန႔္ရန္အတြက္ ယကၠန္းစင္ေတာင္ ဆရာေတာ္တည္ထားခဲ့သည့္ ေ႐ႊဘုန္းပြင့္ ဘုရားတြင္ ဓာတ္႐ိုက္၊ဓာတ္ဆင္လုပ္ကာ ကိုးကြယ္ခဲ့သည့္ တ႐ုတ္စစ္သူႀကီး ႐ုပ္တု ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ဦးသိန္းစိန္လက္ထက္ ေလာက္ကိုင္တိုက္ပြဲတြင္လည္း ဓာတ္႐ိုက္ ဓာတ္ဆင္လုပ္ ကိုးကြယ္ခဲ့ၿပီး အာဏာသိမ္း စစ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ လက္ထက္တြင္မူ မူလက ကိုးကြယ္မႈမ်ားျပဳလုပ္ခဲ့ေသာ္လည္း ယခုတြင္မူ စစ္ရႈံးေန၍ အဆိုပါ႐ုပ္တု၏ အေဆာင္အေယာင္မ်ားကို ဖယ္ရွားထားခဲ့ျခင္းျဖစ္သည္။
ရွမ္းေျမာက္ႏွင့္ တ႐ုတ္နယ္စပ္တြင္ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားအတြင္း တ႐ုတ္ႏိုင္ငံ အတြင္းသို႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲကာ တ႐ုတ္ႏိုင္ငံသားမ်ား ထိခိုက္မႈႏွင့္ ပတ္သက္၍ မၾကာေသးမီက တ႐ုတ္ႏိုင္ငံျခားေရးဒု၀န္ႀကီးႏွင့္အဖြဲ႕ စစ္ေကာင္စီကို လာေရာက္ေတြ႕ဆုံၿပီး ဖိအားေပးမႈမ်ားရွိခဲ့သည္ဟု သိရသည္။
ထို႔ျပင္ က်ားျဖန႔္အြန္လိုင္းေငြလိမ္လည္သူမ်ားႏွင့္ လူကုန္ကူး‌မူးယစ္ေဆးဝါး ေရာင္း၀ယ္ သူမ်ားကို ဖမ္းဆီးေပးရန္ တ႐ုတ္ႏိုင္ငံက စစ္ေကာင္စီကို ဖိအားေပးခိုင္းေစ မႈမ်ားရွိခဲ့သလို ၎တို႔၏ ျပည္သူတို႔လိမ္လည္ခံရသည့္ ေငြေၾကးမ်ားကို ျပန္လည္ ေလ်ာ္ေၾကးေပးရန္ႏွင့္ တ႐ုတ္ႏိုင္ငံကို ဆႏၵျပခဲ့သူမ်ားကို ဖမ္းဆီးအေရးယူေပးရန္ ဖိအားေပးခိုင္း ေစမႈမ်ားရွိခဲ့သည္။
ယခုလတ္တေလာ တ႐ုတ္ၾကား၀င္ညႇိႏႈိင္းေပးမႈျဖင့္ ျပဳလုပ္ခဲ့ရသည့္ ညီေနာင္ မဟာမိတ္အဖြဲ႕ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးမႈမွာလည္း မေအာင္ျမင္ဘဲ သုံးႀကိမ္တိုင္တိုင္ ပ်က္ျပားမႈမ်ားရွိခဲ့သည္။
အဆိုပါမေက်လည္မႈမ်ားအတြက္ စစ္ေခါင္းေဆာင္ ႏွင့္အတူ ေဗဒင္၊ ယၾတာအထူး ယုံၾကည္သည့္ ၎၏ စစ္ေကာင္စီတပ္က ဘုရားေပၚတင္၍ ကိုးကြယ္ထားသည့္ တ႐ုတ္စစ္သူႀကီး႐ုပ္တုကို ယခုကဲ့သို႔ အေဆာင္အေယာင္မ်ားျဖဳတ္ခ်ကာ ဓာတ္႐ိုက္၊ ဓာတ္ဆင္သေဘာျဖင့္ မွိန္ကုပ္စြာထားရွိျခင္းျဖစ္ေၾကာင္း သိရသည္။
ပုံစာ-ေတာင္ႀကီးၿမိဳ႕ ေ႐ႊဘုန္းပြင့္ ဘုရားေပၚရွိ တ႐ုတ္ စစ္သူႀကီး႐ုပ္တု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *