ငှက်ပျောဖူး ကျွေးလိုက်တာ၉ကောင်ဂန့်

မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာရှိ စစ်တပ် ဂိတ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးဇန်နဝါရီ ၁၂ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Yoma Phoenix Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာထိပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်းကို တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၏ ဒရုန်းတပ်ဖွဲ့ ဖြစ်သော Yoma Phoenix Drone Force အဖွဲ့က ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးကာ ၅ရဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီ တွင်လည်း စမ်းဘုတ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်၌ မီးလှုံနေသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။”၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ ၉ ရက်နေ့ ညက ၃ ကောင်သေ ၅ ကောင်ဒဏ်ရာရတယ်။ ၁၀ ရက်နေ့ ညက ၆ ကောင်သေ ၁ ကောင် ဒဏ်ရာရတယ်လို့ အတည်ပြုနိုင်ခဲ့တယ်” ဟု Yoma Phoenix Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *