မှန်ကန်တဲ့လမ်းရွှေးလိုက်တာပဲ

တပ်ဆုတ်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သားများ အချို့ AA ထံ လက်နက်ချ အညံ့ခံ

ဇန်နဝါရီလ ၁၂

ရခိုင်ပြည် မြောက်ဦးမြို့နယ် လင်းမြွေတောင်မှ ဆင်းလာသည့် အင်းအား ၁၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် AA က ကြားဖြတ် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် လင်းမြွေတောင်မှ ဆင်းလာသည့် အင်းအား ၁၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ ၁၂ နာရီခန့်တွင် ကြားဖြတ် တိုက်ခိုက်မှုကြောင့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ယင်းနောက် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AA က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သားများ ကစဉ်ကလျား ထွက်ပြေးပြီးနောက် လက်ရှိ သတင်းရေးသား နေသည့် အချိန် စစ်ကောင်စီတပ်သား ၇ ဦး ဖမ်းဆီးရရှိထားကြောင်း သိရသည်။

AA သတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲဖြစ်တဲ့နေရာက ကျနော်တို့ ကျွမ်းကျင်တဲ့နေရာဖြစ်တာကြောင့်ပါ။ အဲ့ဒါကြောင့် သူတို့ဖက် အခြေအနေ မကောင်းတာရယ်၊ လက်နက်ချတာရယ်ကြောင့်ပါ။ ကျနော်တို့ ၇ ယောက် အရှင်ဖမ်းမိပါတယ်။ တော်တော်များများသေဆုံးပါတယ်။ အလောင်းတွေ ရထားပါတယ်။ တစ်ချို့ ကစဉ်ကလျား ထွက်ပြေးကြတယ်။ သူတို့ကိုတော့ ကျနော်တို့ မမိသေးဘူး။ အဓိကတော့ ကျောက်တော်တပ်မဖက်ကို ပြေးတာများတယ်”ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများနှင့် ကျောက်တော်မြို့နယ်ရှိ ကျားနင်းကန်၊ လိပ်မ၊ သရက်တပင် ကံချေပြင် ကျေးရွာအနီးနားမှာ တိုက်ပွဲများဖြစ်နေကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းနှစ်ဖက် သေဆုံး၊ ထိခိုက်မှု အခြေအနေအား Western News က သီးခြား အတည်ပြု၍ မရရှိသေးပေ။

လင်းမြွေတောင်မှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင် ကျောက်တော်ရှိ အခြားတပ်များနှင့်ပူးပေါင်းရန် သွားစဉ်တွင် ရက္ခိုင့်တပ်တော် AA က ကြားဖြတ် ဝင်ရောက် တိုက်ခဲ့ခြင်းဖြစ်သည်။

AA သတင်းရင်းမြစ်တစ်ဦးက “ဒီနေ့ တိုက်ပွဲ တော်တော်လည်း ပြင်းထန် ပါတယ်။ နေ့လယ်ပိုင်းအထိ ပြင်းထန် မှု ရှိခဲ့တယ်။ ကျနော်တို့ဖက်ကလည်း ထိခိုက်ဒဏ်ရာရတာရှိတယ်။ လက်နက်ချအရေအတွက်ကိုတော့ ကျနော်တို့သေချာ မစီစစ်ရသေးပါဘူး။ လောလောဆယ်တော့ ၇ ယောက်ရှိတယ်။ သူတို့အဖွဲ့ ကွဲသွားတာ ဖြစ်မယ်။ လိုက်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ကို စောင့်ပေးပါ။ ကျနော်မှာ ဒီလောက်ပဲ ပြောခွင့်ရှိတယ်”ဟုပြောသည်။

ကျောက်တော်မြို့နယ်ရှိ ကျားနင်းကန်၊ လိပ်မ၊ သရက်တပင် ကံချေပြင် ကျေးရွာအနီးနားမှာ တိုက်ပွဲများဖြစ်နေကြခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်းနှစ်ဖက် သေဆုံး၊ ထိခိုက်မှု အခြေအနေအား မသိရသေးကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

ပုံစာ- မကြာသေးခင်က စစ်ကောင်စီတပ်သားအချို့ ကို AA မှ စစ်သုံ့ပန်းအဖြစ် ရရှိခဲ့စဉ်။

တပ္ဆုတ္လာသည့္ အင္အား ၁၀၀ ခန႔္ရွိ စစ္ေကာင္စီတပ္သားမ်ား အခ်ိဳ႕ AA ထံ လက္နက္ခ် အညံ့ခံ
ဇန္နဝါရီလ ၁၂
ရခိုင္ျပည္ ေျမာက္ဦးၿမိဳ႕နယ္ လင္းေႁမြေတာင္မွ ဆင္းလာသည့္ အင္းအား ၁၀၀ ခန႔္ရွိ စစ္ေကာင္စီ စစ္ေၾကာင္းကို ရကၡိဳင့္တပ္ေတာ္ AA က ၾကားျဖတ္ တိုက္ခိုက္ၿပီးေနာက္ စစ္ေကာင္စီတပ္ႏွင့္ AA တို႔ တိုက္ပြဲ ျပင္းထန္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေျမာက္ဦးၿမိဳ႕နယ္ လင္းေႁမြေတာင္မွ ဆင္းလာသည့္ အင္းအား ၁၀၀ ခန႔္ရွိ စစ္ေကာင္စီ စစ္ေၾကာင္းကို ရကၡိဳင့္တပ္ေတာ္ AA က ယေန႔ ဇန္နဝါရီ ၁၂ ရက္ေန႔ ၁၂ နာရီခန႔္တြင္ ၾကားျဖတ္ တိုက္ခိုက္မႈေၾကာင့္ ႏွစ္ဖက္ တိုက္ပြဲမ်ား ျပင္းထန္ခဲ့သည္။
ယင္းေနာက္ အင္အား ၁၀၀ ခန႔္ရွိသည့္ စစ္ေကာင္စီတပ္ကို ရကၡိဳင့္တပ္ေတာ္ AA က ဝိုင္းဝန္းပိတ္ဆို႔ တိုက္ခိုက္ခဲ့ရာတြင္ စစ္ေကာင္စီတပ္သားမ်ား ကစဥ္ကလ်ား ထြက္ေျပးၿပီးေနာက္ လက္ရွိ သတင္းေရးသား ေနသည့္ အခ်ိန္ စစ္ေကာင္စီတပ္သား ၇ ဦး ဖမ္းဆီးရရွိထားေၾကာင္း သိရသည္။
AA သတင္းရင္းျမစ္တစ္ဦးက “တိုက္ပြဲျဖစ္တဲ့ေနရာက က်ေနာ္တို႔ ကြၽမ္းက်င္တဲ့ေနရာျဖစ္တာေၾကာင့္ပါ။ အဲ့ဒါေၾကာင့္ သူတို႔ဖက္ အေျခအေန မေကာင္းတာရယ္၊ လက္နက္ခ်တာရယ္ေၾကာင့္ပါ။ က်ေနာ္တို႔ ၇ ေယာက္ အရွင္ဖမ္းမိပါတယ္။ ေတာ္ေတာ္မ်ားမ်ားေသဆုံးပါတယ္။ အေလာင္းေတြ ရထားပါတယ္။ တစ္ခ်ိဳ႕ ကစဥ္ကလ်ား ထြက္ေျပးၾကတယ္။ သူတို႔ကိုေတာ့ က်ေနာ္တို႔ မမိေသးဘူး။ အဓိကေတာ့ ေက်ာက္ေတာ္တပ္မဖက္ကို ေျပးတာမ်ားတယ္”ဟုေျပာသည္။
အဆိုပါ စစ္ေကာင္စီတပ္သားမ်ားႏွင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ က်ားနင္းကန္၊ လိပ္မ၊ သရက္တပင္ ကံေခ်ျပင္ ေက်း႐ြာအနီးနားမွာ တိုက္ပြဲမ်ားျဖစ္ေနၾကျခင္းျဖစ္ၿပီး တိုက္ပြဲအတြင္းႏွစ္ဖက္ ေသဆုံး၊ ထိခိုက္မႈ အေျခအေနအား Western News က သီးျခား အတည္ျပဳ၍ မရရွိေသးေပ။
လင္းေႁမြေတာင္မွ ဆင္းလာသည့္ အင္အား ၁၀၀ ခန႔္ရွိသည့္ စစ္ေကာင္စီတပ္သည္ ယေန႔ နံနက္ပိုင္းတြင္ ေက်ာက္ေတာ္ရွိ အျခားတပ္မ်ားႏွင့္ပူးေပါင္းရန္ သြားစဥ္တြင္ ရကၡိဳင့္တပ္ေတာ္ AA က ၾကားျဖတ္ ဝင္ေရာက္ တိုက္ခဲ့ျခင္းျဖစ္သည္။
AA သတင္းရင္းျမစ္တစ္ဦးက “ဒီေန႔ တိုက္ပြဲ ေတာ္ေတာ္လည္း ျပင္းထန္ ပါတယ္။ ေန႔လယ္ပိုင္းအထိ ျပင္းထန္ မႈ ရွိခဲ့တယ္။ က်ေနာ္တို႔ဖက္ကလည္း ထိခိုက္ဒဏ္ရာရတာရွိတယ္။ လက္နက္ခ်အေရအတြက္ကိုေတာ့ က်ေနာ္တို႔ေသခ်ာ မစီစစ္ရေသးပါဘူး။ ေလာေလာဆယ္ေတာ့ ၇ ေယာက္ရွိတယ္။ သူတို႔အဖြဲ႕ ကြဲသြားတာ ျဖစ္မယ္။ လိုက္ၿပီး နယ္ေျမရွင္းလင္းေရးေတြ လုပ္ေနတယ္။ ဌာနခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္ကို ေစာင့္ေပးပါ။ က်ေနာ္မွာ ဒီေလာက္ပဲ ေျပာခြင့္ရွိတယ္”ဟုေျပာသည္။
ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ က်ားနင္းကန္၊ လိပ္မ၊ သရက္တပင္ ကံေခ်ျပင္ ေက်း႐ြာအနီးနားမွာ တိုက္ပြဲမ်ားျဖစ္ေနၾကျခင္း ျဖစ္ၿပီး တိုက္ပြဲအတြင္းႏွစ္ဖက္ ေသဆုံး၊ ထိခိုက္မႈ အေျခအေနအား မသိရေသးေၾကာင္း သတင္းရင္းျမစ္က ဆက္လက္ေျပာသည္။
ပုံစာ- မၾကာေသးခင္က စစ္ေကာင္စီတပ္သားအခ်ိဳ႕ ကို AA မွ စစ္သုံ႔ပန္းအျဖစ္ ရရွိခဲ့စဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *