နဂါးမလေးနဲ့မဖူးတော့ ဂွိသွားပြီး

မလေးရှားတွင် မွေးနေ့ပွဲကျင်းပနေစဉ် ဖမ်းဆီးခံရသော sexy မော်ဒယ် ဖူးပွင့်ခိုင်နှင့်သရုပ်ဆောင် အေမီဈာန်တို့ ပြန်မလွတ်သေးဇန်နဝါရီလ ၁၄မလေးရှားနိုင်ငံတွင် မွေးနေ့ပွဲကျင်းပနေစဉ် အဖမ်းခံရသည့် sexy မော်ဒယ်ဖူးပွင့်ခိုင်နှင့် သရုပ်ဆောင်အေမီဈာန်တို့ ပြန်မလွတ်သေးကြောင်းသိရသည်။ဇန်နဝါရီလ ၁၃ရက်နေ့၊မလေးရှား စံတော်ချိန် ည ၁၂နာရီ ၂၃မိနစ်က မလေးရှားနိုင်ငံ၊ဘာတာဝပ်မြို့ရှိ ကလပ်တစ်ခုအတွင်း မွေးနေ့ပွဲကျင်းပနေသည့် sexy မော်ဒယ် ဖူးပွင့်ခိုင် မွေးနေ့ကိတ်ခွဲပြီးချိန်၌ မလေးရှားရဲများက ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။”မဖူးရယ်၊အေမီဈာန်ရယ်၊ဒီဂျေတီးတဲ့သူရယ်၊အေမီဈာန်ရဲ့ မန်နေဂျာရယ် အဖမ်းခံရတာ။ဒီနေ့မနက်ထိ မလွတ်သေးဘူး။ပတ်ဝန်းကျင်ကတိုင်လို့ အဖမ်းခံရတာပါ။ပွဲလာကြည့်တဲ့ လူ၂၀၀ကျော်လည်း အဖမ်းခံလိုက်ရပါတယ်” ဟု ၎င်းက ပြောသည်။ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂၀၀ကျော်သည် ဖူးပွင့်ခိုင်၏မွေးနေ့ပွဲပါတီကို တစ်ဦးလျှင် ရင်းဂစ် ၈၀ ဝင်ကြေးပေးကာ လာကြည့်ကြခြင်းဖြစ်ကြောင်း ဖူးပွင့်ခိုင်တို့နှင့်အတူ ဖမ်းဆီးခံရသူတစ်ဦးက ပြောသည်။ဖမ်းဆီးခံရသူများအနက် မလေးရှားသူဌေးများက အာမခံပေးသည့် မလေးရောက်မြန်မာနိုင်ငံသား အချို့ ပြန်လွတ်ပြီဖြစ်ကြောင်း သိရသည်။”အဖမ်းခံရတာ ၂၀၀ကျော်တယ်။သူဌေး အာမခံတဲ့သူတွေဆို ပြန်လွတ်တာပါ့။ရဲစခန်းရောက်တော့ မလေးရဲတွေက သွေးစစ်တယ်၊ဓာတ်ပုံရိုက်တယ်။ရဲစခန်း ရောက်တဲ့ မိန်းကလေး အကုန်လုံးထဲက ညီမတယောက်ပဲ ဘာအထောက်အထားမှမရှိဘဲ ပြန်လွတ်လာတာပါ။ဒါတောင် ဒီနေ့ ၁၃ရက်နေ့ မနက် ၇နာရီမှ လွတ်တာ”ဟု ၎င်းက ပြောသည်။ယနေ့(ဇန်နဝါရီ၁၄ရက်) မွန်းလွဲ ၁နာရီခန့်အထိ သတင်းများအရ မလေးရှားနိုင်ငံ၊ဘာတာဝပ်မြို့ရှိ ရဲစခန်းအတွင်း ဖူးပွင့်ခိုင်နှင့်အေမီဈာန်အပါအဝင် ပွဲလာကြည့်သူများကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။sexy မော်ဒယ်ဖူးပွင့်ခိုင်သည် ၎င်း၏ ၂၆နှစ်ပြည့်မွေးနေ့ကို မလေးရှားနိုင်ငံ၊ဘာတာဝပ်မြို့ရှိ ကလပ်တစ်ခုတွင် ကျင်းပခြင်းဖြစ်သည်။Photo – ပေးပို့။ / ပုံစာ – မလေးရှားနိုင်ငံ၊ဘာတာဝပ်မြို့ရဲစခန်းအတွင်း တွေ့ရသည့် အေမီဈာန်နှင့် ဖမ်းဆီးခံရသူအချို့။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *