အုပ်ကြီးတို့ရေသတိလေးနဲ့နေကြ ဗျင်းခံရတော့မယ် ခိခိ

ဝေါမြို့နယ်အတွင်း ပျူစောထီးထဲဝင်ရန် ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးများရဲ့ စာရင်းပေးပို့ရန် ပကဖ တောင်းခံဇန်နဝါရီလ ၁၅ပဲခူးတိုင်း၊ဝေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေအဖြစ် ပျူစောထီးထဲဝင်ရန် ဖိအားပေးနေတဲ့ ရန်သူ စစ်တပ်ခန့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ နဲ့ ရာအိမ်မှူး များရဲ့ အမည်စာရင်းများကို ပေးပို့ပေးပါရန် တောင်းခံထားတယ်လို့ ဝေါမြို့နယ် ပကဖ ထံမှ သိရှိရပါတယ်။တော်လှန်ရေးအင်အားစုများနဲ့တိုက်ပွဲများဆင်နွှဲနေပြီး အဖက်ဖက် ကျဆုံးနေတဲ့ ရန်သူစစ်တပ်ဟာ အခုအခါ မြို့ရွာများမှာ ပြည်သူ့ များကို လူသားဒိုင်းကာအဖြစ် အသုံးချရန် ပြည်သူ့စစ်၊စစ်သား ၊ပျူစောထီးများကို အဓမ္မစုဆောင်းနေသည်ကို တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။အဆိုပါ လုပ်ရပ်က အကြမ်းဖက်စစ်တပ်ကိုကာကွယ်ရန်အတွက် တော်လှန်ရေးအင်အားစုများ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာပါက ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးချမှု အစီအစဉ် ဖြစ်နေပြီး၊ ရန်သူစစ်တပ်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်၊ပျူစောထီးအဖွဲ့ထံသို့ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ပါဝင်ပက်သတ်ခြင်းမပြုကြဖို့လည်း အသိပေးထားပါတယ်။အခုအချိန်မှာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများမှာ ပျူစောထီးလစာအတွက် ဒေသခံလူထုထံ အတင်းအဓမ္မငွေ ကောက်ခံခြင်းများ ရှိနေတယ်လို့ အသိပေးပါတယ်။ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲ့ သတင်းထုတ်ပြန် ချက်အတိုင်း လိုက်နာခြင်းမရှိပါက၊ ညွှန်ကြားချက် အဆင့်ဆင့် ကျင့်သုံးဥပဒေများအတိုင်း အရေးယူသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *