ကိုလှရွှေပေါက်စနှစ်ကောင်ရရှိ

ကလေးမြို့ပေါ်မှာ သတင်းယူဖို့လာတဲ့ ရဲတပ်သား ၂ ဦးကို PDF က ဖမ်းမိ

ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့ပေါ်မှာအထိုင်ချထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ် သား ၂ ဦးကို ဇန်နဝါရီ ၁၃ ရက်က ဖမ်းဆီးရမိထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ရဲတပ်သား ၂ ဦးဟာ ကလေးမြို့တက္ကသိုလ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုကဖြစ်ပြီး မြို့တွင်းကိုသတင်းယူဖို့ထွက်ခွာလာချိန် စက်မှုလမ်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က ပြည်သူလိုလို၊ ဘာလိုလိုအရပ်ဝတ်နဲ့ ကျောင်းကနေထွက်လာတာ။ ကျနော်တို့ သတင်းထောက်နေတဲ့အချိန် မသင်္ကာလို့ဖမ်းဆီးလိုက်တော့ ရဲတွေဖြစ်နေတာ ” လို့ ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရဲတပ်သား ၂ ဦးဟာ အသက် ၂၀ ဝန်းကျင်သာရှိသေးပြီး အဲဒီနေ့မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါရဲတပ်သား ၂ ဦးကိုဖမ်းဆီးခံလိုက်ရတဲ့နေ့မှာ တက္ကသိုလ်ဝန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက အနီးတဝိုက်ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ကာ ဒီကနေ့မနက်ပိုင်းအထိ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကေလးၿမိဳ႕ေပၚမွာ သတင္းယူဖို႔လာတဲ့ ရဲတပ္သား ၂ ဦးကို PDF က ဖမ္းမိ
ဇန္နဝါရီ ၁၅
စစ္ကိုင္းတိုင္း(အထက္ပိုင္း)၊ ကေလးၿမိဳ႕ေပၚမွာအထိုင္ခ်ထားတဲ့ စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ သား ၂ ဦးကို ဇန္နဝါရီ ၁၃ ရက္က ဖမ္းဆီးရမိထားတယ္လို႔ ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြထံက သိရပါတယ္။
ဖမ္းဆီးရမိထားတဲ့ ရဲတပ္သား ၂ ဦးဟာ ကေလးၿမိဳ႕တကၠသိုလ္မွာ အထိုင္ခ်တပ္စြဲထားတဲ့ စစ္အုပ္စုကျဖစ္ၿပီး ၿမိဳ႕တြင္းကိုသတင္းယူဖို႔ထြက္ခြာလာခ်ိန္ စက္မႈလမ္းအေရာက္မွာ ကာကြယ္ေရးတပ္ဖြဲ႕ေတြက ဖမ္းဆီးႏိုင္ခဲ့တာလို႔ ဆိုပါတယ္။
“သူတို႔က ျပည္သူလိုလို၊ ဘာလိုလိုအရပ္ဝတ္နဲ႔ ေက်ာင္းကေနထြက္လာတာ။ က်ေနာ္တို႔ သတင္းေထာက္ေနတဲ့အခ်ိန္ မသကၤာလို႔ဖမ္းဆီးလိုက္ေတာ့ ရဲေတြျဖစ္ေနတာ ” လို႔ ကေလးေဒသကာကြယ္ေရးတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။
ဖမ္းဆီးရမိတဲ့ ရဲတပ္သား ၂ ဦးဟာ အသက္ ၂၀ ဝန္းက်င္သာရွိေသးၿပီး အဲဒီေန႔မွာပဲ အမ်ိဳးသားညီၫြတ္ေရးအစိုးရ-NUG ထံ လႊဲေျပာင္းေပးခဲ့တယ္လို႔ ဆိုပါတယ္။
အဆိုပါရဲတပ္သား ၂ ဦးကိုဖမ္းဆီးခံလိုက္ရတဲ့ေန႔မွာ တကၠသိုလ္ဝန္းမွာ တပ္စြဲထားတဲ့ စစ္အုပ္စုက အနီးတဝိုက္ေက်း႐ြာေတြဘက္ကို လက္နက္ႀကီးနဲ႔ပစ္ခတ္ခဲ့ကာ ဒီကေန႔မနက္ပိုင္းအထိ ပစ္ခတ္တာမ်ိဳးေတြ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *