နောက်တစ်လှိုင်းလာမယ်နော်

ရေးမြို့နယ်၊ တောင်ပိုင်းရှိ ဒေါန စစ်ကြောင်းသို့ NUG အလုပ်သမားရေးရာ ဒုဝန်ကြီး ဦးကျော်နီနှင့် ရန်ကုန်တိုင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော် ဒေဝတို့ ကွင်းဆင်းလေ့လာရန်ကုန်၊ ဇန်နဝါရီ ၁၅ မွန်ပြည်နယ်၊ ‌ရေးမြို့နယ်တောင်ပိုင်းရှိ ဒေါနစစ်ကြောင်းသို့ NUG အလုပ်သမားရေးရာ ဒုဝန်ကြီး ဦးကျော်နီနှင့် ရန်ကုန်တိုင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော် ဒေဝတို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း ဒေါန စစ်ကြောင်းထံမှ သိရသည်။ဇန်နဝါရီလ ၁၂ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားရေးရာဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးကျော်နီနှင့် ရန်ကုန်တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့က ‌‌ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဒေါနစစ်ကြောင်းသို့ မြေပြင်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ကာ ရဲဘော်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံချိန်တွင် တနေ့ တခြား အင်အား ယုတ်လျော့လာသည်ကို မြင်တွေ့ရပြီး ပြည်သူ့ ကာ ကွယ် ရေးတပ်မတော်အနေဖြင့် မဟာမိတ်တပ်ပေါင်းစုများ ဖြစ်ပေါ်လာကြောင်း၊ ထို့သို့ ဖြစ်ပေါ်လာ မှုသည် တော်လှန်ရေးအတွက် ကောင် းမွန်သည့် အရှိန်အရွှေ့တစ်ခုဖြစ်ကြောင်း၊ တော်လှန်ရေးမဟာ ၃ နှစ်နီးပါးကာလအတွင်း အောင်မြင်မှု၊ ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရသည့် ရဲဘော်များ၏ စိတ်ဓါတ်ခွန်အား တက်ကြွစေရန်လည်း အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *