ငပုတော့ခါချဥ်အုံဒုတ်နဲ့ထိုးနေပြီ နားကားတော့မယ်

အပစ်ရပ်ထားသော ရှမ်းမြောက်ဒေသတွင် စစ်တပ်က ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးထားမှုကို အကြမ်းဖက် စစ်တပ်က ချိုးဖောက်ပြီး လေကြောင်း၊ လက်နက်ကြီးဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကွက်ခိုင်မြို့နယ်နှင့်လားရှိုးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားမှုကို စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ ပေါ်ပေါ်တင်တင်တင်ချိုးဖောက်ပြီး လူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ယနေ့ ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီ ၂ မိနစ်တွင် ကျောက်မဲမြို့နယ် စစ်ကောင်စီ ၅၀၂ တပ် စခန်း မှ ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ၄ ကြိမ်၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က သံဘိုရွာ အနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အလားတူ ယနေ့ ဇန်နဝါရီလ ၁၅ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်က နောင်ချိုမြို့နယ်၊ အုမ္မတီး လမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က သုံးဆယ်ရွာသို့ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ် ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး၊ လွယ်ကန်၊ လွယ်ကုန်ရွာအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ၁ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။ ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ကျောက်မဲ၊ မိုးကုတ်၊ လားရှိုးမြို့နယ်တို့အတွင်း၌ နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *