နင်တို့အလှည့်ရောက်ဘီ

ပျူခေါင်းဆောင်အိမ် PDF စီးနင်းတိုက်ခိုက်၊ ၁ ဦးသေ ၃ ဦးဖမ်းမိပြီး သေနတ် ၂လက်ရဇန်နဝါရီ ၁၆ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အုတ်ဖိုကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးခင်စိုးရဲ့နေအိမ်ကို စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင်သေဆုံးပြီး အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဝေါမြို့နယ်ပကဖထံက သိရပါတယ်။ဇန်နဝါရီလ ၁၅ ရက် မနေ့ ည ၉ နာရီခန့်မှာ အင်အား ၇ ဦးခန့်ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကာ သေနတ်ကိုင်ပြီးပြေးဆင်းလာတဲ့ ဦးခင်စိုးကိုတော့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။”ကျနော်တို့အဖွဲ့ ဝင်တော့ ပျူအဖွဲ့ဝင်တချို့က ဖဲရိုက်နေတာ။ အိမ်ရှေ့ရှိနေသူတွေကို မှောက်ခိုင်းထားတဲ့အချိန် ဦးခင်စိုးက သေနတ်ကိုင်ပြေးဆင်းလာတော့ ပစ်ခတ်ခဲ့တာ။ ပျူအဖွဲ့ဝင်အချို့ကို ဖမ်းလာခဲ့တယ် “လို့ ဝေါမြို့နယ်ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။ပစ်ခတ်ရှင်းလင်းခံရလို့ ပျူခေါင်းဆောင်ဦးခင်စိုးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့နေရာမှာပဲ သေဆုံးသွား ပြီး ပျူအဖွဲ့ဝင်တွေဖြစ်တဲ့ မြင့်ဝင်း (ခ) ငပွေး၊ ကျော်မင်းနဲ့ ဇော်လတ်တို့ ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုကို ဝေါပကဖ၊ အင်းတကော် ပကဖ၊ ကဝ ပကဖ၊ ဒိုက်ဦး ပကဖ၊ သနပ်ပင်ပကဖ အဖွဲ့ဝင်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ပစ်ခတ်မှုအပြီး တစ်နာရီခန့်အကြာမှာ အုတ်ဖိုရွာထဲကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး စစ်ဆေးမှုပြုလုပ်ခဲ့ကာ ဒေသခံ ၆ ဦးကို ဖမ်းခေါ်သွားသလို အုတ်ဖိုကျေးရွာမှာရှိတဲ့ ဝေါမြို့နယ် NLD အမျိုး သမီးရေးရာကော်မတီဥက္ကဌ ဒေါ်သန်းသန်းထွေးရဲ့ လူမရှိတဲ့နေအိမ်ကိုလည်း မီးရှို့ဖျက်စီးသွားတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *