ကဲကဲ အဘရေချလိုက်ပြန်ပြီ တစ်စင်း

ကွတ်ခိုင်၊ နမ့်ဖတ်ကာ တွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီးကို KIA က ပစ်ချရန်ကုန်၊ ဇန်နဝါရီ ၁၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်စီးကို KIA က ပစ် ခတ်လိုက်ပြီး အဆိုပါ လေယာဉ် ပျက်ကျသွားကြောင်း KIA ရှေ့တန်းသတင်း ရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “နမ့်ဖတ်ကာ၊ မနူယာန်ကို ဗုံးလာကျဲတာကို ပစ်ချတာ။ ပစ်ချတာဆိုတော့ ပျက် ကျ သွားတယ်။ ပုံလည်းရတယ်။ လိုင်းမကောင်းသေးလို့ပို့လို့မရသေးဘူး။ ပစ်ချ တာ အတည်ပြုနိုင်တယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆို သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ ခလရ ၁၂၃ တပ်ရင်း ကို ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က တောက်လျှောက်ဆို သလို လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာ ကြောင်း သိရှိရသည်။ KIA က ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် တွင် Mi17 ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ပြီး ရဟတ်ယာဉ်ပေါ်တွင် လိုက် ပါသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့၏ တိုက်လေယာဉ်တစ်စီး။ (ပုံအဟောင်း ဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *