အဘရေ တစ်ရင်းပါသွားပြန်ပြီ ကုန်ပီ ကုန်ပီ

ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာက ခမရ ၅၃၉ တပ်ရင်းတခုလုံး လက်နက်ချအညံ့ခံ…ဇန်နဝါရီ ၁၆ ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ ကန်စောက်ကျေးရွာအနီးရှိ ခမရ ၅၃၉ တပ်ရင်းတခုလုံး ဒီနေ့ မနက်ပိုင်းမှာ လက်နက်ချအညံ့ခံလာတယ်လို့ AA နဲ့နီးစပ်တဲ့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။ ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာအနီးရှိ ခမရ ၅၃၉ တပ်ရင်းနဲ့ အမှတ် ၃၇၇ အမြောက်တပ်ရင်းတို့ကို ဇန်နဝါရီ ၁၁ ရက်ကစလို့ ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်မှာ အမြောက်တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ခမရ ၅၃၉ တပ်ရင်းက ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ချ အညံ့ခံလာတာဖြစ်တယ်လို့ သိရပါတယ်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း “မသေ၊ မနာချင်ရင် စောစောစီးစီးအလံဖြူထောင်၊ ထွက်ပြေးချင်တယ် လမ်းဖွင့်ပေးပါ ဘာညာခွင့်တောင်းပေါ့။ ခြံစည်းရိုး ၃ ထပ်လုံးပေါက် ကတုပ်ကျင်းထဲမှာ ဂေါင်းပေါ်-ပြောင်းတည့်ထားပြီးမှ လမ်းဖွင့်ပေးပါတော့ မလုပ်နဲ့ အာ့ဒါကို အရှင်ဖမ်းမိတာလို့သတ်မှတ်တယ်”လို့ ဇန်နဝါရီ ၁၅ ရက်နေ့က ရေးသားထားပါတယ်။ AA က သိမ်းပိုက်လိုက်တဲ့ အဲ့ဒီ ခမရ ၅၃၉ တပ်ရင်းက လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီ တပ်သားအရေအတွက်နဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများကိုတော့ အသေးစိတ် မသိရသေးပါဘူး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *