ပြည်သူ့ချဥ်ဖက်က်ိုလှ ဆွေတို့အကြိတ်ခံရ

ကဝမြို့နယ်တွင် ရဲများလိုက်ပါလာသော ဆိုင်ကယ်များကို မိုင်းဆွဲ တိုက်ခိုက်ရန်ကုန်၊ ဇန်နဝါရီ ၁၆ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် ရဲများလိုက်ပါလာသော ဆိုင်ကယ်များကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ကဝမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်အချိန် ကဝမြို့နယ်၊ သက္ကလမြို့ ဈေးကြီးရပ်ကွက် အရှေ့ပိုင်းရှိ မြို့အထွက် ခရီးသွား ပြည်သူများ ၏ ဆိုင်ကယ်များကို ဖမ်းဆီး ငွေညှစ်ရန် ထွက်လာသော ရဲဆိုင်ကယ်များကို ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝ၊ ပကဖ) က သပြေညိုမြို့ပြ စစ်ဆင်ရေး ၃ အဖြစ် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုအတွင်း ရဲများ လိုက်ပါလာသော ဆိုင်ကယ် အချို့ အနည်းငယ် ပျက်စီး ထိခိုက်ခဲ့ပြီး ရဲများ ထိခိုက်သေဆုံးမှု မရှိကြောင်း၊ မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် ရဲများက ပြန်လည် ဆုတ်ခွာသွားကာ အင်အား အများအပြားဖြင့် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာအနီးမှ ပြည်သူများ၏ နေအိမ်များကို ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။”စစ်ဆင်ရေး ၃ မှာ ရန်သူထိခိုက်မှု မရှိခဲ့ပေမယ့် သပြေညိုမြို့ပြ စစ်ဆင် ရေး တွေ ကို အရှိန်အဟုန်မြင့်‌ ဖော်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူ တွေအနေနဲ့ တော်လှန်ရေး သတိတော်လှန်ရေးအသိနဲ့ နေထိုင်သွားလာကြဖို့ကို အဓိကမေတ္တာရပ်ခံချင်ပါတယ်” ဟု ကဝမြို့နယ် ပကဖ မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် သပြေညိုမြို့ပြစစ်ဆင်ရေး ၁ ကို ဒီဇင်ဘာလ ၁၆ ရက်နေ့၌ အုန်းနှဲရဲစခန်း ဂိတ်ပေါက်ရှေ့ မိုင်းခွဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့ပြီး သပြေညိုမြို့ပြစစ်ဆင်ရေး ၂ အဖြစ် ဒီဇင်ဘာလ ၂၆ ရက် နေ့ စစ်ကောင်စီ၏ အကြီးစားထောက်တိုင် သရက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် ဘိုမြင့်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *