အားရချက် အညာသားတွေနော် ဘာမှတ်နေလဲ

စစ်ကိုင်းမြို့နယ်၊ ပဒူရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး၊ စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများ တင်ဆောင်လာသည့် ကားကိုလည်း မိုင်းဆွဲ တိုက်ခိုက်ရန်ကုန်၊ ဇန်နဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စစ်ကိုင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၈ နာရီခန့်က စစ်ကိုင်းမြို့မှ ရိက္ခာလာပို့သည့် ကားကို ကြိုဆိုရန် ပဒူရွာမှ ဆိုင်ကယ် ၃ စီးဖြင့်ထွက်လာသော စစ်ကောင်စီတပ်သား ၇ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ကင်းပုန်းဝပ် တိုက်ခိုက်ရန် သွားရောက်သော်လည်း ကင်းပုန်းဝပ်ချိန်မရဘဲ ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ပစ်ခတ်မှု ဖြစ်ပွားနေစဥ် တိုက်ပွဲဖြစ်ပွားရာနေရာ အနီးကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၂ စီး ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ အဆိုပါ ရိက္ခာကားပေါ် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သားများလည်း တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်သော ပဒူရဲစခန်းနှင့် မီတာ ၈၀၀ အကွာရှိ စကျင်ရွာဘောင်ပေါ်တွင် ဆင်းနေခဲ့ပြီး ရိက္ခာတင်ဆောင်လာသော ကားဖြင့် စစ်သားအလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို တင်ဆောင်ပြီး ထွက်ခွာလာစဉ် ကျောက်ပနံရွာနှင့် ရွာသစ်ရွာ အကြား၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီးမှာ မိုင်း ထိမှန်သော်လည်း စစ်ကိုင်းဘက်ကို ဆက်လက် မောင်းနှင်သွားကြောင်း သိရ သည်။အဆိုပါ တိုက်ခိုက်မှုများကို စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စစ်ကိုင်းမြို့နယ် ပကဖ ရဲ ဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *