မစားရတဲ့အမဲ သဲနဲ့ပက်

လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီ ဗုံးကြဲဇန်နဝါရီ ၁၆KNU နဲ့ ပူးပေါင်းတပ်တွေ တပ်စွဲထားတဲ့ ထိုင်း − မြန်မာ နယ်စပ်အနီး မြဝတီမြို့က လက်ခတ်တောင် စခန်းကုန်း ကို စစ်ကောင်စီတပ်က ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်ညနေပိုင်းမှာ လေကြောင်းကနေ လာရောက်တိုက်ခိုက်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကသိရပါတယ်။ဒီနေ့ ညနေပိုင်း ၄ နာရီ ၂၀ မိနစ်ခန့်မှာ ဂျက်တိုက်ယာဉ်နဲ့ ဗုံးကြဲသွားတာလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။ထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့ လည်း သတင်းရင်းမြစ်ကဆိုပါတယ်။ မြဝတီမြို့ရဲ့ တောင်ဘက် ၅ မိုင်ခန့်အကွာမှာရှိပြီး စစ်ရေးအရ ဗျုဟာမြောက်အရေးပါတဲ့ လက်ခတ်တောင် စခန်းကုန်းကို KNU နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လအတွင်းမှာ စစ်ကောင်စီတပ်ကို တိုက်ထုတ်ပြီး သိမ်းယူတပ်စွဲထားတာပါ။လက်လွှတ်လိုက်ရတဲ့စခန်းကို ပြန်ရဖို့ ဝေဟင်ရော ၊မြေပြင်ကပါ တန်ပြန် ထိုးစစ်ဆင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဟာ ဒီနေ့အချိန်ထိ စခန်း ပြန်မရခဲ့ပါဘူး။

လက်ခတ်တောင်ကို စစ်ကောင်စီတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ဇန်နဝါရီ ၁၆ကရင်ပြည်နယ် မြဝတီမြို့အနီး လက်ခတ်တောင်ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ (ဇန်နဝါရီ ၁၆ရက်) ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။အဆိုပါလက်ခတ်တောင်တပ်စခန်းကို ကော်ဘရာစစ်ကြောင်း ပါဝင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတဖွဲ့က၂၀၂၃ကတည်းက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။”၄နာရီကျော်က ဖိုက်တာ နှစ်စင်း၊ ထိခိုက်မှု မရှိ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။လက်ခတ်တောင်ကို KNLAက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးဖြစ်ကိုရယူပြီး မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ အထိခိုက်များစွာဖြင့် လက်လွတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းနေရာ ဖြစ်သည်။(၂၀၂၃ ဩဂုတ် ၁၈ရက်က လက်ခတ်တောင် ကုန်းအား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *