ရေးဘီလူးတို့လက်စွမ်းပြ(ရုပ်သံ)

ရေးမြို့နယ် အခြေစိုက် ခလရ ၁၀၆ တပ်ရင်း တိုက်ခိုက်မှု စစ်သား ၄ ဦးသေ ဆုံးပြီး မော့ကနင် စစ်တပ်စစ်ဆေးရေးဂိတ်ကို မီးရှို့ (ရုပ်သံ)

ဇန်နဝါရီ ၁၇

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ ၁၀၆ တပ်ရင်းကိုရေးဘီးလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ပြီး အပြန်တွင် အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို မီးတင်ရှို့ခဲ့ကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၆ နာရီကျော်အချိန်တွင် ခလရ ၁၀၆ တပ်ရင်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် စစ်သား ၄ ဦးသေဆုံး ကြောင်း သိရှိရသည်။

“ကျနော်တို့ဘက်က အရင်ဝင်လုံးတာပါ။ နံနက် ၆နာရီအကျော်ပါ။ ၁၀၆ မှာ တော့ ၄ကောင်သေတယ်။ အဲဒီကအပြန် မော့ကနင် ခွေးပိုက်ဆံကောက်တဲ့ ဂိတ် ကို မီးရှို့လိုက်ပါတယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

ထို့ပြင် မော့ကနင်ရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် စောင့် နေကြသည့် စစ်သားများသည် ရေးဘီလူးအဖွဲ့ ရောက်လာချိန် စစ်သား များ ထွက်ပြေး ဆုတ်ခွာသွားခဲ့ကြောင်း၊ ထို့ကြောင့် မော့ကနင်စစ်ဆေးရေးဂိတ်ကို မီးရှို့ရှင်းလင်းလိုက်ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *