ကိုလှဆွေတို့ကိုငှက်ပျော်ဖူးကျွေး(ရုပ်သံ)

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်းသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ LDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို တနေ့လျှင် ဗုံးသီး ၄ လုံးနှုန်းဖြင့် ၃ ရက်ဆက်တိုက် ၁၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ရဲ ၁၀ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးသီးချချိန်တွင် ဝရုန်းသုန်းကာ ပြေးလွှားနေသည်ကို တွေ့ရှိရ ကြောင်း သိရသည်။

“ဗုံးသီးချတဲ့အချိန်မှာ စစ်ခွေးတွေ ဝရုန်းသုန်းကား ပြေးထွက်ပြေးနေတာ Control က Video မှတ် တမ်း မှာတွေ့ရတယ်၊ ဒရုန်းနဲ့ချတဲ့အချိန်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိပါတယ်၊ အတိအကျမဟုတ်ပေမယ် သေတာက ၁၀ ဦးထက်တော့မနည်းဘူးဗျ၊ အခုတော့ အင်အားထပ်ဖြည့် ထားတယ်လို့ ကြားတယ်” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ LDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗန္ဓုလနှင့်အဖွဲ့သားများLDF၊ Chindwin Fighter Group (C.F.G) နှင့် Brave Heart Army-BHA အဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက ရမ်း သမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *