ရှေ့ဆက်တိုးရင် တစ်ရင်းလုံးတေမှာပေါ့(ရုပ်သံ)

ဆားလင်းကြီးတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ် ကောင်စီ တပ်ဘက်မှ ၈ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ စစ်သား ၈ ဦးသေဆုံးကြောင်း Hero Fighter (အထူးတပ်ရင်း)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မုံရွာမှ အင်အား ၁၀၆ ဦးဖြင့် ဆားလင်းကြီးမြို့သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကြောင်းသည် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန် ဆားလင်းကြီးမြို့၊ အရှေ့ဘက် ဆားထုံးကျေးရွာသို့ ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ရှေ့ထွက်မိုင်းများ၊ လက်နက်ငယ် ဖြင့် ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ၉ နာရီ ၄၅ မိနစ်အထိ တစ်ကြိမ်၊ နံနက် ၁၀ နာရီမှ နံနက် ၁၀ နာရီ ၁၅ မိနစ်အထိ တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီမှ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အထိ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲ ၃ ကြိမ်လုံးတွင် စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း၊ စစ်တပ်မှာ ရှေ့သို့ ဆက်မတိုး နိုင်တော့ဘဲ ဆားလင်းကြီး မြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ ကျနော်တို့ ဦးဆောင်တိုက်တာပါ။ တိုက်ပွဲ တစ်နေ့တည်း ၃ ကြိမ်ဖြစ်တယ်။ ဆားလင်းကြီးမှာတော့ မနေ့က နာမည်ကျော်တဲ့ တိုက်ပွဲပဲ” ဟု Hero Fighter (အထူးတပ်ရင်း)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဆားလင္းႀကီးတြင္ စစ္ေၾကာင္းထိုးလာေသာ စစ္တပ္ကို တိုက္ခိုက္မႈ စစ္ ေကာင္စီ တပ္ဘက္မွ ၈ ဦးေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၁၈
စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္တြင္ စစ္ေၾကာင္းထိုးဝင္ေရာက္လာေသာ စစ္တပ္ကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက တိုက္ခိုက္ရာ စစ္ေကာင္စီတပ္ဘက္မွ စစ္သား ၈ ဦးေသဆုံးေၾကာင္း Hero Fighter (အထူးတပ္ရင္း)မွ သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဇန္နဝါရီလ ၁၆ ရက္ေန႔ မုံ႐ြာမွ အင္အား ၁၀၆ ဦးျဖင့္ ဆားလင္းႀကီးၿမိဳ႕သို႔ စစ္ေၾကာင္းထိုးဝင္ေရာက္လာေသာ စစ္တပ္ေၾကာင္းသည္ ဇန္နဝါရီလ ၁၇ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ ဆားလင္းႀကီးၿမိဳ႕၊ အေရွ႕ဘက္ ဆားထုံးေက်း႐ြာသို႔ ေရာက္ရွိလာစဥ္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက ေရွ႕ထြက္မိုင္းမ်ား၊ လက္နက္ငယ္ ျဖင့္ ေဖာက္ခြဲပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ဇန္နဝါရီလ ၁၇ ရက္ေန႔ နံနက္ ၉ နာရီမွ ၉ နာရီ ၄၅ မိနစ္အထိ တစ္ႀကိမ္၊ နံနက္ ၁၀ နာရီမွ နံနက္ ၁၀ နာရီ ၁၅ မိနစ္အထိ တစ္ႀကိမ္၊ မြန္းတည့္ ၁၂ နာရီမွ မြန္းတည့္ ၁၂ နာရီ ၁၅ မိနစ္အထိ တစ္ႀကိမ္ စုစုေပါင္း ၃ ႀကိမ္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။
အဆိုပါတိုက္ပြဲ ၃ ႀကိမ္လုံးတြင္ စစ္ေကာင္စီတပ္ဘက္မွ ၈ ဦးေသဆုံးၿပီး ၄ ဦး ဒဏ္ရာရရွိေၾကာင္း၊ စစ္တပ္မွာ ေရွ႕သို႔ ဆက္မတိုး ႏိုင္ေတာ့ဘဲ ဆားလင္းႀကီး ၿမိဳ႕သို႔ ျပန္လည္ ဆုတ္ခြာသြားေၾကာင္း သိရွိရသည္။
“တိုက္ပြဲကေတာ့ က်ေနာ္တို႔ ဦးေဆာင္တိုက္တာပါ။ တိုက္ပြဲ တစ္ေန႔တည္း ၃ ႀကိမ္ျဖစ္တယ္။ ဆားလင္းႀကီးမွာေတာ့ မေန႔က နာမည္ေက်ာ္တဲ့ တိုက္ပြဲပဲ” ဟု Hero Fighter (အထူးတပ္ရင္း)မွ သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံက ရန္ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *