ကဲကဲဘောမတို့ရေ ထမင်းဝအောင်စားထား

အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်နေသူအားလုံးကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ တောင်ပိုင်းစစ်ဒေသ သတိပေး

ဇန်နဝါရီလ ၁၈

တောင်ပိုင်းစစ်ဒေသ ၊ အမှတ် ၂ စစ်ဒေသခွဲ စစ်ဆင်ရေးနယ်မြေအတွင်းရှိ မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်နေသူအားလုံးကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ တောင်ပိုင်းစစ်ဒေသ က ဒီနေ့ရက်စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

“အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းရန် ပြည်သူများအား နည်းအမျိုးမျိုးဖြင့် ြခိမ်း ခြောက်ဖိအားပေးဆောင်ရွက်နေသူအားလုံးကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့လုပ်ရပ်များကို ရပ်တန်းက ရပ်တန့်ရန် သတိပေးလိုက်သည်” လို့ တောင်ပိုင်းစစ်ဒေသ က ထုတ်ပြန်ခဲ့တာပါ။

ဒါအပြင် ပြည်သူတွေအနေနဲ့ ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မစုဆောင်းနေခြင်းကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး တက်နိုင်သမျှ ရှောင်ကြဉ်ရန်နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေ ၊ လက်ပါးစေများနဲ့ ပူးပေါင်းဆောင်ရွက်တာ ၊ နီးကပ်စွာ နေထိုင်တာတွေကို အထူးသတိပြု ရှောင်ရှား ကြရန်အတွက်လည်း မေတ္တာရပ်ခံထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်အင်အားချိနဲ့ ပြုန်းတီးလာတာ ၊ စိတ်ဓာတ်ရေးရာ ပြိုကျ ပျက်စီးလာတာတွေ ဖြစ်နေတဲ့အတွက် ပြည်သူ့စစ်အဖြစ် ပြည်သူတွေကို လိမ်လည်လှည့်စား စည်းရုံးပြီး စစ်မှုထမ်းခိုင်းကာ ၎င်းတို့ မသွားဝံ့တဲ့ ရှေ့တန်းစစ်မျက်နှာကို အတင်းအဓမ္မပို့ဆောင်ပြီး ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ ယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အၾကမ္းဖက္စစ္ေကာင္စီအလိုက် ျပည္သူ႔စစ္ဖြဲ႕စည္းရန္ လုပ္ေဆာင္ေနသူအားလုံးကို ျပင္းထန္စြာ အေရးယူသြားမယ္လို႔ ေတာင္ပိုင္းစစ္ေဒသ သတိေပး
ဇန္နဝါရီလ ၁၈
ေတာင္ပိုင္းစစ္ေဒသ ၊ အမွတ္ ၂ စစ္ေဒသခြဲ စစ္ဆင္ေရးနယ္ေျမအတြင္းရွိ ၿမိဳ႕နယ္ေတြမွာ အၾကမ္းဖက္စစ္ေကာင္စီအလိုက် ျပည္သူ႔စစ္ဖြဲ႕စည္းရန္ လုပ္ေဆာင္ေနသူအားလုံးကို ျပင္းထန္စြာ အေရးယူသြားမယ္လို႔ ေတာင္ပိုင္းစစ္ေဒသ က ဒီေန႔ရက္စြဲနဲ႔ သတိေပးစာ ထုတ္ျပန္လိုက္ပါတယ္။
“အၾကမ္းဖက္စစ္ေကာင္စီအလိုက် ျပည္သူ႔စစ္ဖြဲ႕စည္းရန္ ျပည္သူမ်ားအား နည္းအမ်ိဳးမ်ိဳးျဖင့္ ၿခိမ္း ေျခာက္ဖိအားေပးေဆာင္႐ြက္ေနသူအားလုံးကို ျပင္းထန္စြာ အေရးယူသြားမည္ျဖစ္ၿပီး ၎တို႔သည္ မိမိတို႔လုပ္ရပ္မ်ားကို ရပ္တန္းက ရပ္တန႔္ရန္ သတိေပးလိုက္သည္” လို႔ ေတာင္ပိုင္းစစ္ေဒသ က ထုတ္ျပန္ခဲ့တာပါ။
ဒါအျပင္ ျပည္သူေတြအေနနဲ႔ ျပည္သူ႔စစ္အျဖစ္ အတင္းအဓမၼစုေဆာင္းေနျခင္းကို နည္းလမ္းမ်ိဳးစုံ အသုံးျပဳၿပီး တက္ႏိုင္သမွ် ေရွာင္ၾကဥ္ရန္နဲ႔ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ တပ္ရင္းတပ္ဖြဲ႕ေတြ ၊ လက္ပါးေစမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္တာ ၊ နီးကပ္စြာ ေနထိုင္တာေတြကို အထူးသတိျပဳ ေရွာင္ရွား ၾကရန္အတြက္လည္း ေမတၱာရပ္ခံထားပါတယ္။
အၾကမ္းဖက္စစ္ေကာင္စီတပ္က တပ္ဖြဲ႕ဝင္အင္အားခ်ိနဲ႔ ျပဳန္းတီးလာတာ ၊ စိတ္ဓာတ္ေရးရာ ၿပိဳက် ပ်က္စီးလာတာေတြ ျဖစ္ေနတဲ့အတြက္ ျပည္သူ႔စစ္အျဖစ္ ျပည္သူေတြကို လိမ္လည္လွည့္စား စည္း႐ုံးၿပီး စစ္မႈထမ္းခိုင္းကာ ၎တို႔ မသြားဝံ့တဲ့ ေရွ႕တန္းစစ္မ်က္ႏွာကို အတင္းအဓမၼပို႔ေဆာင္ၿပီး ျပည္သူအခ်င္းခ်င္း ရန္တိုက္ေပးတဲ့ ယုတ္မာေကာက္က်စ္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔လည္း ေတာင္ပိုင္းစစ္ေဒသရဲ႕ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *