ပွဲကပြီးတော့မယ် လူကလဲနေတုံး ဘယ်ကောင်လာလာ ဆိုးအောက် ပဲ

စစ်ခေါင်းဆောင်က စစ်ရှုံးနေသည့် နေရာများကို ကွပ်ကဲရန်အတွက် ၎င်းတို့အားထား ရသည့် ဒုဗိုလ်ချုပ်ကြီးတေဇကျော်ကို ကစထ-၃ ရွှေ့ပြောင်းစေခိုင်း

ဇန်နဝါရီလ ၁၈

အနောက်ပိုင်းတိုင်းဖြစ်သည့် ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေသည့်အတွက် စစ်ခေါင်းဆောင် က အနောက်ပိုင်းတိုင်းနှင့်တောင်ပိုင်းတိုင်းကို ကွပ်ကဲရန်အတွက် ကစထမှူးနေရာကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နတခ)နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ)တို့ကို တိုင်းမှူးများအထက်မှနေ၍ စစ်ဆင်ရေးကွပ်ကဲရသည့် ကာကွယ်ရေး၀န်ကြီးဌာန အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ-၃) နေရာကို ၎င်းယုံကြည်အားထားရသည့် ဒုဗိုလ်ချုပ်ကြီးတေဇကျော်ကို ပြောင်းလဲတာ၀န် ပေးအပ် လိုက်ကြောင်း စစ်ရုံးချုပ်နှင့်နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ဒုဗိုလ်ချုပ်ကြီးတေဇကျော်သည် ယခင်က ကချင်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ကို ကိုင်တွယ်ရသည့် ကစထ-၁ မှူးအဖြစ် တာ၀န်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နေပြည်တော်ကို တာ၀န်ယူရသည့် ကစထ-၆ မှူးနေရာသို့ ပြောင်းရွှေ့ခဲ့သည်။

ယခုအခါတွင် ဒုဗိုလ်ချုပ်ကြီးတေဇကျော်ကို လက်ရှိ ကစထ-၆ နေရာမှ ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်းနယ်မြေများတွင် စစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို တာဝန်ယူ ကွပ်ကဲ ရမည့် ကစထ-၃ နေရာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုဗိုလ်ချုပ်ကြီး တေဇကျော်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယုံကြည်အားထားရသူတစ်ဦးဖြစ်ကာ ၎င်း၏သဘောအကျဆုံးလူယုံတစ်ဦးတွင် ပါဝင် ပြီး ၎င်းနှင့်အနီးနားတွင်ထားလို၍ ကစထ-၁ မှ ကစထ-၆ ဖြစ်သည့် နေပြည်တော်သို့ ခေါ်ဆောင်ထားခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကစထ-၃ နေရာဖြစ်သည့် ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး နယ်မြေများတပ်စခန်းများ ဆုံးရှုံးနေသည့်အတွက် စစ်ရေးကွပ်ကဲရန် ကစထမှူးနေရာ ပြောင်း၍ ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး တေဇကျော်သည် မကြာသေးမီကပြုလုပ်ခဲ့သည့် ပဲခူးတိုင်း၊ နတ်သံ ကွင်းတိုက်ပွဲအတွင်းပါ၀င်ခဲ့သည့် စစ်ကောင်စီတပ်သားများကို ဂုဏ်ပြုပွဲပြုလုပ်သည့် အခမ်းအနားသို့ တက်ရောက်၍ ဆုချီးမြှင့်မှုများပြုလုပ်ခဲ့ပြီး ယခင် ကစထ ၃ မှူးဟောင်းဖြစ်သူ ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်ကိုမူ မည်သည့်နေရာသို့ ပြောင်းရွှေ့ခဲ့သည်ကို မသိရှိရပေ။

ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်သည် အမေရိကန် နှင့် ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့အရေးယူခြင်း ခံထားရသည့် စစ်ဗိုလ်ချုပ်စာရင်းများတွင် ပါဝင်သူ တစ်ဦးဖြစ်သည်။

ပုံစာ-ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်

စစ္ေခါင္းေဆာင္က စစ္ရႈံးေနသည့္ ေနရာမ်ားကို ကြပ္ကဲရန္အတြက္ ၎တို႔အားထား ရသည့္ ဒုဗိုလ္ခ်ဳပ္ႀကီးေတဇေက်ာ္ကို ကစထ-၃ ေ႐ႊ႕ေျပာင္းေစခိုင္း
ဇန္နဝါရီလ ၁၈
အေနာက္ပိုင္းတိုင္းျဖစ္သည့္ ရခိုင္ျပည္နယ္တြင္ စစ္ရႈံးေနသည့္အတြက္ စစ္ေခါင္းေဆာင္ က အေနာက္ပိုင္းတိုင္းႏွင့္ေတာင္ပိုင္းတိုင္းကို ကြပ္ကဲရန္အတြက္ ကစထမႉးေနရာကို အေျပာင္းအလဲျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
စစ္ေခါင္းေဆာင္က အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္(နတခ)ႏွင့္ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ (တပခ)တို႔ကို တိုင္းမႉးမ်ားအထက္မွေန၍ စစ္ဆင္ေရးကြပ္ကဲရသည့္ ကာကြယ္ေရး၀န္ႀကီးဌာန အမွတ္ (၃) စစ္ဆင္ေရးအထူးအဖြဲ႕မႉး(ကစထ-၃) ေနရာကို ၎ယုံၾကည္အားထားရသည့္ ဒုဗိုလ္ခ်ဳပ္ႀကီးေတဇေက်ာ္ကို ေျပာင္းလဲတာ၀န္ ေပးအပ္ လိုက္ေၾကာင္း စစ္႐ုံးခ်ဳပ္ႏွင့္နီးစပ္သည့္ တပ္တြင္း သတင္းရင္းျမစ္ထံက သိရသည္။
ဒုဗိုလ္ခ်ဳပ္ႀကီးေတဇေက်ာ္သည္ ယခင္က ကခ်င္၊ စစ္ကိုင္းတိုင္းႏွင့္ ခ်င္းျပည္နယ္တို႔ကို ကိုင္တြယ္ရသည့္ ကစထ-၁ မႉးအျဖစ္ တာ၀န္ယူခဲ့ၿပီး ၂၀၂၃ ခုႏွစ္တြင္ ေနျပည္ေတာ္ကို တာ၀န္ယူရသည့္ ကစထ-၆ မႉးေနရာသို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။
ယခုအခါတြင္ ဒုဗိုလ္ခ်ဳပ္ႀကီးေတဇေက်ာ္ကို လက္ရွိ ကစထ-၆ ေနရာမွ ရခိုင္ျပည္နယ္ ႏွင့္ ပဲခူးတိုင္းနယ္ေျမမ်ားတြင္ စစ္ဆင္ေရးႏွင့္ လုံၿခဳံေရးကိစၥရပ္မ်ားကို တာဝန္ယူ ကြပ္ကဲ ရမည့္ ကစထ-၃ ေနရာသို႔ ေျပာင္းေ႐ႊ႕ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဒုဗိုလ္ခ်ဳပ္ႀကီး ေတဇေက်ာ္သည္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ယုံၾကည္အားထားရသူတစ္ဦးျဖစ္ကာ ၎၏သေဘာအက်ဆုံးလူယုံတစ္ဦးတြင္ ပါဝင္ ၿပီး ၎ႏွင့္အနီးနားတြင္ထားလို၍ ကစထ-၁ မွ ကစထ-၆ ျဖစ္သည့္ ေနျပည္ေတာ္သို႔ ေခၚေဆာင္ထားျခင္း ျဖစ္ေၾကာင္းသိရသည္။
လက္ရွိတြင္ ကစထ-၃ ေနရာျဖစ္သည့္ ပဲခူးတိုင္းႏွင့္ ရခိုင္ျပည္နယ္အတြင္းတြင္ တိုက္ပြဲမ်ား ျပင္းထန္ေနၿပီး နယ္ေျမမ်ားတပ္စခန္းမ်ား ဆုံးရႈံးေနသည့္အတြက္ စစ္ေရးကြပ္ကဲရန္ ကစထမႉးေနရာ ေျပာင္း၍ ခန႔္အပ္လိုက္ျခင္းျဖစ္သည္ဟု ဆိုသည္။
ဒုဗိုလ္ခ်ဳပ္ႀကီး ေတဇေက်ာ္သည္ မၾကာေသးမီကျပဳလုပ္ခဲ့သည့္ ပဲခူးတိုင္း၊ နတ္သံ ကြင္းတိုက္ပြဲအတြင္းပါ၀င္ခဲ့သည့္ စစ္ေကာင္စီတပ္သားမ်ားကို ဂုဏ္ျပဳပြဲျပဳလုပ္သည့္ အခမ္းအနားသို႔ တက္ေရာက္၍ ဆုခ်ီးျမႇင့္မႈမ်ားျပဳလုပ္ခဲ့ၿပီး ယခင္ ကစထ ၃ မႉးေဟာင္းျဖစ္သူ ဒုဗိုလ္ခ်ဳပ္ႀကီးဖုန္းျမတ္ကိုမူ မည္သည့္ေနရာသို႔ ေျပာင္းေ႐ႊ႕ခဲ့သည္ကို မသိရွိရေပ။
ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေတဇေက်ာ္သည္ အေမရိကန္ ႏွင့္ ဥေရာပသမဂၢက အေရးယူပိတ္ဆို႔အေရးယူျခင္း ခံထားရသည့္ စစ္ဗိုလ္ခ်ဳပ္စာရင္းမ်ားတြင္ ပါဝင္သူ တစ္ဦးျဖစ္သည္။
ပုံစာ-ဒုတိယဗိုလ္ခ်ဳပ္ႀကီးေတဇေက်ာ္

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *