ကိုလှဆွေတို့အလံဖြူပြပြန်ပြီ ငိုစမ်းငပု

မိုးမိတ်မြို့ရဲစခန်း အလံဖြူထောင်ပြီး မြို့တွင်းရှိ တပ်စွဲနေရာတချို့ကို သိမ်း ပိုက်၊ စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ■ မိုးမိတ်မြို့နယ်ရှိ တပ်ရင်း ၃ ခုနှင့် အခြေချဗျူဟာက မိုးမိတ်မြို့ကို ဦးတည်၍ ပစ်ခတ်မှုများ ဆက်တိုက်လုပ်နေရန်ကုန်၊ ဇန်နဝါရီ ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို ယနေ့ နံနက်အစောပိုင်းမှ စတင်၍ တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ မိုးမိတ်မြို့မ ရဲစခန်း က အလံဖြူထောင်ပြီး မြို့တွင်းရှိ တပ်စွဲနေရာတချို့ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ရရှိကြောင်း ရှေ့တန်းPDF သတင်းရင်းမြစ် နှင့်ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “မနက်အစောကြီးကတည်းက ရဲစခန်းကို ိုင်းထားတာ။ နောက်ဆုံး ရဲစခန်း ထဲက ရဲနဲ့စစ်သားတချို့ အလံဖြူထောင်တယ်။ နောက်ပြီး‌ ရွှေဇာလီမှာရှိတဲ့ စစ်တပ် တပ်စွဲနေရာတစ်ခု၊ စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိတယ်။ မြို့ထဲ ကနေ တော့ စစ်ခွေးနဲ့ ရဲခွေးတွေ ပြေးကုန်ကြပြီ။ တပ်ရင်း ၃ ရင်းနဲ့ အခြေချ ဗျူဟာဘက်ကို ပြေးကြတယ်” ဟု ရှေ့တန်း PDF သတင်းရင်းမြစ်က ပြောဆို သည်။ ယနေ့ နံနက် ၄ နာရီမှစတင်၍ မိုးမိတ်မြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေရာတွင် စစ်တပ်က လက်နက်ကြီးများ၊ လေကြောင်း တိုက် ခိုက် မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်းသိရှိရသည်။ “လေကြောင်းကနေ လာပစ်လိုက် ပြန်လှည့်သွားလိုက် လာပစ်လိုက်၊ ပြန်လှည့် သွားလိုက်နဲ့ မိုးမိတ်ရဲစခန်းတော့ အသိမ်းခံလိုက်ရပြီလို့ကြားတယ်။ စစ်တပ်က လက်နက် ကြီးတွေနဲ့ပစ်နေတာ မြို့ထဲက ပြည်သူတွေ အိမ်တွေ တော်တော်ထိ တယ်။ ဒဏ်ရာရသူတွေ လည်းရှိတယ်။ အပြင်ထွက်လို့ကို မရဘူး။ အခြေအနေ ဆိုးတယ်” ဟု မိုးမိတ်မြို့ မှ ပြည်သူတစ်ဦးက ရှင်းပြသည်။ မိုးမိတ်မြို့နယ်တွင် ခမရ ၃၄၈၊ ခလရ ၂၇၆ ၊ ခလရ ၂၂၃ တပ်ရင်း ၃ ခုနှင့် အခြေချ ဗျူဟာရှိနေပြီး ယင်းတပ်ရင်း ၃ ခုနှင့် အခြေချဗျူဟာတို့က မိုးမိတ်မြို့ မကျစေရေး အပြင်းအထန်ခုခံနေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *