လွိုင်ကော်အကျည်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ ဗိုလ်ကြီး နေမျိုးဇင် ဖိတ်ခေါ်မှုကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တုန့်ပြန် (ရုပ်/သံ)
ဇန်နဝါရီ ၁၈
ကရင်နီပြည်နယ် လွိုင်ကော်အကျည်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ ယနေ့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်က ဖိတ်ခေါ်ကမ်းလှမ်းခဲ့ရာ အကြမ်းဖက်စစ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တုန့်ပြန်ခဲ့ပါတယ်။
”ခင်ဗျားတို့ ပစ်တာ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းလှမ်းကိုတော့ ရောက်ပါတယ်။ ဒါပေမယ့် အဝေး ကြီးပါ။ ကျေးဇူးတင်ပါတယ် ရဲဘော်တို့ ခင်ဗျားတို့ ခုလို ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို ပြတ် သားစွာ တုန့်ပြန့်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စိတ်မကောင်းဝမ်းနည်းရပါတယ် ။ ကျွန် တော်တို့ ကမ်းလှမ်းနေတာဟာ ခင်ဗျားတို့ အသက်ရှင်ဖို့နဲ့ မိသားစုနဲ့ ဆက်လက်နေထိုင်ခွင့်ရ သွားအောင် ကျွန်တော်တို့ ကြိုးစားနေတာဖြစ်ပါတယ်”လို့ စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်က အကျည်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေကို ပြောကြားခဲ့ပါတယ်။
စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်ဟာ လွိုင်ကော်အကျည်းထောင်အနီးဝန်းကျင်ရှိ အ ဆောက်အအုံအတွင်းမှာ အသံချဲ့စက်နဲ့ စစ်ကောင်စီတပ်သားတွေကို ကမ်းလှမ်းခဲ့ရာမှာ အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီးကျည်ပေါက်ကွဲပြီး အဆောက်အအုံအပိုင်းအစအချို့ ဗိုလ်ကြီး နေမျိုးဇင်ကို ထိမှန်သွားတာကို ဗီဒီယိုထဲမှာ တွေ့မြင်ခဲ့ရပါတယ်။