ဟာ 4 Wheels လေးနှမျောစရာကွာ(ရုပ်သံ)

မြင်းခြံတွင် စစ်သားနှင့်ပျူစောထီးများလိုက်ပါလာသော ကား ၂ စီးကို ပေပါ မိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ၁၀ ဦးသေဆုံးပြီး မိုင်းထိကျန်ခဲ့သည့်ကားကို မီးရှို့ ဖျက်ဆီးရန်ကုန်၊ ဇန်နဝါရီ ၁၈ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ- ဝက်လူးအိုင် -နဘူးလမ်းမပေါ်တွင် စစ် သား နှင့်ပျူစောထီးများ လိုက်ပါလာသော ကား ၂ စီး ကို ပေပါမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၁၀ ဦးသေဆုံးပြီး 4 Wheel ကား တစ် စီး သိမ်းဆည်းရရှိခဲ့ကာ အဆိုပါကားကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် ခန့်အချိန် နွားထိုး ကြီး မြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးတိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူပေးရန် မြင်းခြံမြို့မှ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃၀ ခန့် လိုက်ပါလာသည့် ကား ၂ စီးကို မြင်းခြံ-ဝက်လူး – နဘူးအိုင်လမ်းမ ပေါ် တစ်နေရာ ပေပါ မိုင်း ၂ လုံး၊ ရှေ့ ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၇ ဦး၊ ပျူစောထီး ၃ ဦးသေဆုံးပြီး 4 Wheel ကားတစ်စီးသိမ်းဆည်းရရှိပြီး ယင်းကို မီးရှို့ ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။“4 Wheel ကားတစ်စီးသိမ်းဆည်းရရှိတယ်၊ ဒရုန်းတစ်စီးလည်းရတယ်၊ ရိုးရိုး Pro ပဲ၊ မှတ်တမ်းတွေ အကုန်ရခဲ့ပါတယ်၊ ပျူ ၃ ဦး၊ စစ်သား ၇ ဦး သေတယ်၊ အထိ အခိုက်တွေကတော့များတယ်လို့ သိရ တယ်၊ မိုင်းက‌ ပေပါမိုင်းနဲ့ ထောင် တာ၊ ပေပါ ၂ လုံး၊ ရှေ့ထွက် ၂ လုံး၊ ဂါလံ ၅၀ ဆန့်တဲ့ ပေပါကို မိုင်း လုပ်ထောင် ထားတာ၊ စိမ်ပြေနပြေကို သွားထောင်ထားပြီးဆွဲခဲ့လိုက်တာ၊ ကားကလည်း လေပေါ် ပျံတက်သွားပြီး ခြုံပေါ်တင်သွားတာ၊ မြေကြီးနဲ့ကို မထိဘူး၊ ကျန်တဲ့ တစ်စီး က အလောင်းတွေရော၊ လူနာတွေရောတင်ပြီးတော့ နောက်ပြန်လှည့် သွား တယ်ဗျ၊” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။အလားတူ နွားထိုးကြီးမြို့နယ်၊ ဖောင်ကြီးရွာတိုက်ပွဲအတွင်းမှ ဒဏ်ရာရ စစ် ကောင်စီ တပ်သားများကို တင်ဆောင်ပြီး မြင်းခြံမြို့သို့ သယ်လာသော စစ် ကား တစ်စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီးမှုရှိကြောင်း၊ စစ်ကောင်စီ တပ်သားများလည်းသေဆုံးထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုများကို နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တပ်ဖွဲ့ဝင် များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ ဒရုန်း Pro တစ်စီးနှင့် ကျည် ၄ တောင့်သိမ်း ဆည်းခဲ့ကာ ခြုံပေါ်တင် ကျန်ခဲ့ သည့် ကားကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *