မိုးမိတ်ဗျူဟာကုန်းနဲ့ ရခစခန်းကိုဝင်လုံး(ရုပ်သံ)

မိုးမိတ်ဗျူဟာကုန်းနဲ့ ရဲစခန်းကို KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

ရဲစခန်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်တွေ အလံဖြူထောင်

ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းနဲ့ ရဲစခန်းကို ယနေ့ နံနက်အစောပိုင်း KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိုးမိတ်ရဲစခန်း က အလံဖြူထောင်ပြီး မြို့တွင်းရှိ တပ်စွဲနေရာတချို့ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသခံများမှသိရပါတယ်။

“ခြောက်နာရီလောက်ထဲကကြားနေတာ အကြီးအသေးအသံအစုံပဲ လေယာဉ်သံတွေ လည်းကြားတယ်။ ဗုံးကျင်းထဲကနေ မထွက်ရဲသေးဘူး”လို့ ဒေသခံက ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ အသုံးပြုတိုက် ခိုက်နေပြီး ရဲစခန်းအတွင်းရှိ အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ရဲ့ အရေအတွက် ကို မြေပြင်အခြေအနေအရ အတိအကျမသိရသေးပါဘူး။

မိုးမိတ်မြို့နဲ့ အနီးဝန်းကျင်ဖြစ်တဲ့ အာသံ၊ ရွှေဇာလီနဲ့ အုန်းကြော‌ရွာဘက် ဖြစ်ပွားနေပြီး ‌ရွှေဇာ လီရွာက နေအိမ် မီးလောင်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *