ထိုင်းကဘာဖြစ်ချင်နေတာလဲ မမဆောင်းဖြစ်နေပြီ

မြန်မာကို ကူညီထောက်ပံ့ဖို့ အသင့်ဖြစ်ပြီလို့ ထိုင်းဝန်ကြီးချုပ်ဆိုပြန် ဇန်နဝါရီ ၁၈၊ ၂၀၂၄ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံက ထိခိုက်လွယ် ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့ဖို့ နဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အရေး ဆွေးနွေးပွဲတွေကို လက်ခံကျင်းပဖို့ စဉ်းစားနေတယ်လို့ ထိုင်းစစ်ဘက် သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ဒီထက်ပိုမို ကာလရှည်ကြာလာရင် ထိုင်းနိုင်ငံအတွက် ဂယက်ရိုက်မှုတွေ ဖြစ်လာစေနိုင်တာကြောင့် ဝန်ကြီးချုပ် ဆရက်သာသာဗီဆင်ဟာ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘဟီဒါနူကရာနဲ့ တပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ အဆိုပါသတင်းအရင်းအမြစ်က ဆိုပါတယ်။ ၎င်းရဲ့အဆိုအရ ဆရက်သာရဲ့ ခေါင်းဆောင်မှုအောက်မှာရှိနေတဲ့ ထိုင်းနိုင်ငံအနေနဲ့ ထိခိုက်လွယ် ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ခြင်းဖြင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အရေးယူဆောင်ရွက်ဖို့ စဉ်းစားနေတာလို့ သိရပါတယ်။၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ခုကို စစ်ကောင်စီအနေနဲ့ အကောင်အထည်ဖော်ဖို့ အဆိုပြုခဲ့ပေမဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေအတွင်း အပြုသဘောဆောင်တဲ့ တုံပြန်မှုတွေ မရခဲ့ပါဘူး။ “ထိခိုက်ခံလူထုကို ကူညီပေးတဲ့နေရာမှာ ထိုင်းအစိုးရအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပြီး ထိုင်းစစ်တပ်ကတော့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်သွားမှာ” လို့ အဆိုပါသတင်းအရင်းအမြစ်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။ ဒီဇင်ဘာလနှောင်းပိုင်းမှာတော့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကနေ လွတ်မြောက်လိုသူ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ နှစ်နိုင်ငံနယ်စပ်မှာ စင်တာအသစ်တစ်ခု ထူထောင်ဖို့ စည်းစားနေတယ်လို့ မစ္စတာပန်ပရီက ပြောဆိုခဲ့ပါတယ်။ မစ္စတာပန်ပရီရဲ့ အဆိုအရ စင်တာနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ဆွေးနွေးဖို့ စစ်ကောင်စီဘက်က အလုပ်အဖွဲ့ကို မစေလွှတ်ရသေးကြောင်းနဲ့ အဆိုပါစင်တာကို စစ်ပွဲအတွင်း မြန်မာပြည်သူတွေအတွက် လမ်းပန်းဆက်သွယ်ရေး၊ ဆေးဝါးနဲ့ ရိက္ခာကိစ္စတွေအတွက် လမ်းကြောင်းတစ်ခုအနေနဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဆယ်လ်ပကွန်းတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံတွဲဖက်ကထိက အနက်ချိုင်ရူအန်ဂရက်တနာကွန်းက မြန်မာနိုင်ငံပြည်မှာ အကျပ်အတည်းဒဏ် ခံစားခဲ့ရသူတွေကို အစိုးရက လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုကို ကြိုဆိုခဲ့ပြီး အစိုးရအနေနဲ့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် စစ်တပ်ကတဆင့်လည်း ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားတယ်လို့ ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။ “အာဆီယံအဖွဲ့ဝင်အနေနဲ့ ထိုင်းအစိုးရရဲ့ အချုပ်အခြာအာဏာ ဝင်မစွက်ဖက်ရေးမူကို ထောက်ခံကြောင်း မိမိရဲ့ ရပ်တည်ချက်ကိုရော အိမ်နီးချင်းနိုင်ငံရဲ့ အကျပ်အတည်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူမရှုဘူးဆိုတာကိုပါ ပြသဖို့ ဒီအခွင့်အရေးကို အသုံးပြုနိုင်ပါတယ်” “ထိုင်းနိုင်ငံက ဒီပြဿနာကို လျစ်လျူရှုထားရင် လူတွေ သေကြေပျက်စီးရတာကို ထိုင်ကြည့်နေရုံတင်မကဘဲ လူကုန်ကူးမှု၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု၊ ကိုဗစ်-၁၉ ပြန့်ပွားမှုတို့လို ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေကိုလည်း ဖြစ်ပေါ်စေမှာဖြစ်တယ်” လို့ ၎င်းက ဆိုပါတယ်။ ချူလာလောင်ကွန်းတက္ကသိုလ်က လုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူ ပန်နိတန်ဝက်တန်နရာဂွန်က လူသားချင်းစာနာမှုအကူအညီက အချက်ငါးချက်မှာ ထိုင်းဘက်က တွန်းတိုက်လုပ်ဆောင်နေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့ တိုးတက်မှုမရှိကြောင်း၊ အထူးသဖြင့် အကူအညီတွေ ထောက်ပံ့ဖို့ ဘေးကင်းဇုန်ထူထောင်ရေးမှာ တိုးတက်မှုမရှိကြောင်း ထောက်ပြထားပါတယ်။ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့နဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖွင့်လှစ်ပေးဖို့ တရုတ်အပါအဝင် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုများစွာရှိကြောင်း ၎င်းက ဆိုပါသေးတယ်။ အကယ်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတဲ့အတိုင်းသာဆိုရင် ထိုင်းအနေနဲ့ မြန်မာမှာ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့အတွက် ဒီအခွင့်အရေးကို ရယူနိုင်တယ်လို့ ၎င်းက အကြံပြုပါတယ်။ “အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရသာ မဟုတ်ရင် တံခါးမဖွင့်ပေးနိုင်လောက်တဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ဝင်ခွင့်ရနိုင်ချိန်မှာ ထိုင်းအနေနဲ့ စင်ကာပူမှာရှိတဲ့ အာဆီယံရဲ့ ယန္တရားကို လူသားချင်းစာနာမှုဆိုင်ရာ မျက်နှာစာအဖြစ် အသုံးပြုနိုင်မယ်” လို့ သူက ပြောပါတယ်။ ‘ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှာတော့ ရှမ်းမြောက်ဒေသက ပဋိပက္ခတွေတိုးမြင့်လာမှုအပေါ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံးပေးအပ်ဖို့၊ နိုင်ငံအတွင်း ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို လုံခြုံတဲ့နေရာတွေဆီ မြန်မြန်ရောက်အောင်လုပ်ပေးဖို့နဲ့ အာဆီယံ ဘုံသဘောတူညီမှု ငါးရပ်ကတဆင့် အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး တာရှည်ခံတဲ့ အဖြေကိုရှာဖို့ ကတိကဝတ်ကို ထပ်မံအတည်ပြုပေးဖို့ စစ်ကောင်စီအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် တကယ်လို့ မြန်မာ့အရေးကို အာဆီယံက ဦးဆောင်ကိုင်တွယ်လုပ်ဆောင်မယ် ဆိုရင်တောင် ထိုင်းကတော့ သူ့ရဲ့ကိုယ်ကျိုးစီးပွားကို ရှေးရှုတဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်လိုက်ပါနိုင်ဖွယ် ရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုနေကြပါတယ်။အခြားတဖက်မှာလည်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ မြှင့်တင်ပေးဖို့ လုပ်ငန်းအဖွဲ့နဲ့ စင်တာ ဖွဲ့စည်းထူထောင်ရေးအပေါ် ဝေဖန်မှုများ ရှိနေပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို မြန်မာစစ်ကောင်စီနဲ့ ပူးတွဲလုပ်ဆောင်နေမှုအပေါ် ဒေသခံအဖွဲ့အစည်းများက အယုံအကြည် ရှိမနေကြတာဖြစ်ပါတယ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *