နုကြည်ရေသတိထား စီလုတ်ကဆိတ်လစေ့လိုပဲ

NUG အနေဖြင့် ဆက်သွယ်ရေးလမ်းကြောင်း အကုန်ဖွင့်ထားပြီး တရုတ်နှင့် ထိတွေ့ဆက်ဆံနေ

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

ဇန်နဝါရီ ၁၉ ရက်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အနေဖြင့် အိမ်နီးချင်း နိုင်ငံဖြစ်သည့် တရုတ် အစိုးရနှင့် ထိတွေ့ဆက်ဆံနေပြီး ဆက်သွယ်ရေးလမ်းကြောင်း မှန်သမျှအကုန် ဖွင့်ထားကြောင်း NUG ထံက သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားသည့် ချစ်ကြည်ရေးတစ်ခု အခိုင်အမာ တည်ဆောက်ရန်အတွက် NUG တွင် မူဝါဒထားရှိပြီး တက်ကြွ၊ လွတ်လပ်၊ ဘက်မလိုက်သော နိုင်ငံရေးမူဝါဒကျင့်သုံး၍ တရုတ်အပါအဝင် နိုင်ငံတကာနှင့်ဆက်ဆံ နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိ ဦးကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

” ကျွန်တော်တို့အစိုးရက တရုတ်နိုင်ငံနဲ့ ဆက်သွယ်ရေးလမ်းကြောင်း အကုန်ဖွင့် ထားပါ တယ်။ ကျွန်တော်တို့နဲ့ ဆက်သွယ်ရေးလမ်းကြောင်း ရှိတယ်ဆိုတာ ပြောကြားလို့ လည်း ရပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုးဆိုတာတော့ ကျွန်တော်အနေနဲ့ အတိအကျမပြောနိုင် တာကို နားလည်စေချင်ပါတယ်။ ကျွန်တော်တို့မှာ ဆက်သွယ်ရေးလမ်းကြောင်း ရှိပါ တယ်။ ထိတွေ့ဆက်ဆံနေတာတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်က တရုတ် နိုင်ငံဆိုင်ရာ သဘောထားနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်း ကာကွယ် ပေးသွားမည်ဆိုသော အချက်အပါအဝင် အချက် (၁၀) ချက် ထည့်သွင်း ဖော်ပြခဲ့သည်။

တရုတ်နှင့်မြန်မာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးကို မျှော်ရည်လျှက် ယခုကဲ့သို့ ထိန်းသိမ်းကာကွယ် ပေးသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်က နှစ်နိုင်ငံနယ်နိမိတ်သတ်မှတ်မှု စာချုပ်များအပါအ၀င် နှစ်နိုင်ငံကြား သဘော တူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကိုလည်း တာ၀န်ယူ ဆက်ခံသွားမည်ဟု NUG က ဆိုထားသည်။

ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်အားဖြင့် ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်လျက်ရှိပြီး ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်သွားရမည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား စစ်မှန်သော “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ပြီး “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို ဆက်လက် ထောက်ခံ ကျင့်သုံးမည်ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာပြည်တွင် စစ်အာဏာရှင် ရှိနေသရွေ့ အကြမ်းဖက်မှုများ ရှိနေပြီး ဒေသတွင်း နိုင်ငံများပါ မတည်ငြိမ်အောင် ၎င်းတို့က လုပ်ဆောင်နေခြင်းကြောင့် ပြည်သူလူထု၏ နွေဦးတော်လှန်ရေးကို တရုတ်နိုင်ငံအနေဖြင့် နားလည်သဘောပေါက်ရန် မျှော်လင့်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိ ဦးကျော်ဇောက ဆိုသည်။

“အဲဒီအတွက်ကို တရုတ်နိုင်ငံအနေနဲ့ကလည်း နားလည်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း၊ ပြည်သူလူထု ဆန္ဒနဲ့ ထင်ဟပ်တဲ့ ဆက်ဆံရေး ဖြစ်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အမြဲတမ်း ပြောဆိုနေ တယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

ယာယီသမ္မတ ဒူဝါလရှီးလက ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်သည့် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် အိမ်နီးချင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ သဘောထားများသည် ပြည်တွင်းရေး အခြေအနေများအပေါ် လွှမ်းမိုး မှုရှိသည်ကို တွေ့ရှိရပြီး NUG အနေဖြင့် တက်ကြွ၊ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသကဲ့သို့ လက်တွေ့ကျသည့် နိုင်ငံခြားရေးသဘောထားကိုလည်း ချမှတ်ထား ကြောင်း ပြောကြားခဲ့သည်။

NUG အနေဖြင့် ဒေသတွင်း နိုင်ငံကြီးများ၏ နောက်မြီးဆွဲဖြစ်၍ မရသလို ကမ္ဘာ့ အင်အားကြီး နိုင်ငံများ၏ နောက်လိုက်လည်း ဖြစ်လို့မရကြောင်း၊ ကိုယ့်မူ၊ ကိုယ့်ဟန်နှင့် ခိုင်ခိုင်ကြည်ကြည် ရပ်တည်လျှောက်လှမ်းရန် လိုအပ်သော်လည်း ခေတ်သစ်နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံတွင် တစ်ကိုယ်တည်း၊ တစ်ထီးတည်း နေလို့မရကြောင်း ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

“အားလုံးဟာ အပြန်အလှန် အမှီသဟဲပြုပြီး ရှင်သန်ပေါင်းစည်းနေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ နိုင်ငံရေး ဇာတ်ခုံမှာ နိုင်ငံရေးအစွန်းတွေကို သတိထား ရှောင်ကြဉ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ တစ်ဖက်မှာလည်း ပြည်တွင်းက ပြည်သူလူထုရဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက်မဖြစ်တဲ့ အမြင်သဘောထားတွေကို ကိုင်ဆွဲကျင့်သုံးဖို့ လိုပါတယ်။ ပြည်တွင်းက တော်လှန်ရေးဒီရေဟာ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အလှည့်အပြောင်းတွေကြားမှာ အနိမ့်အမြင့် အတက်အကျ ရှိတတ်ပါတယ်။ ဘယ်လိုပဲ ရှိသည်ဖြစ်စေ၊ ကျွန်တော်တို့ဟာ ဦးတည်ချက်ကို မျက်ခြေပြတ်လို့ မရပါဘူး” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီကို တိုက်ရိုက်ဆက်ဆံနေပြီး NUG ကိုမူ လျှို့ဝှက်ဆက်ဆံခြင်းမျိုး ရှိနိုင် ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“စစ်ကောင်စီကိုတော့ တရုတ်အနေနဲ့ တရားဝင် အစိုးရတစ်ရပ်အနေနဲ့ သဘောထား မှာပဲလေ။ အဲဒီတော့ ပြောစရာရှိရင် သူ့ကိုပဲ တိုက်ရိုက်ပြောပြီးတော့ သူနဲ့ပဲ ဆက်ဆံဖို့ လုပ်မှာပဲ။ စစ်ကောင်စီကတော့ သူဆက်ဆံရေး မပျက်အောင် ဆက်ဆံမယ်ထင်တယ်။ NUG ကတော့ သူလျှို့ဝှက်ပြီး ဆက်ဆံတာ ဖြစ်ချင်ဖြစ်မယ်၊ တိုက်ရိုက်ဆက်ဆံတာတော့ သိပ်မတွေ့သေးဘူးဗျ။ အဲဒီတော့ စစ်ကောင်စီနဲ့ NUG ကို ဆက်ဆံတာ သီးခြားခွဲထားမှာပဲနော်။ စစ်ကောင်စီကတော့ မြန်မာပြည်ရဲ့ အဓိကအာဏာကိုင်ထားတဲ့ အစိုးရတစ်ရပ်ပေါ့၊ De Facto government ပေါ့။ အဲဒီအတွက် သူက လိုအပ်တွေဘာတွေ စစ်ကောင်စီနဲ့ပဲ ဆက်ဆံမှာပဲ။ NUG ကိုတော့ လောလောဆယ် သိပ်ဆက်ဆံ ဦးမှာ မဟုတ်ဘူး။ လျှို့ဝှက်တော့ ဆက်ဆံမယ်။ ဒေါ်ဇင်မာအောင် (NUG နိုင်ငံခြားရေးဝန်ကြီး) ပြောသလို Silent diplomacy တွေဘာတွေ ရှိသလားတော့ မပြောတတ်ဘူးပေါ့ဗျာ” ဟု ဒေါက်တာလှကျော်ဇော က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံ ကျင့်သုံးမည်ဟု NUG နှင့် စစ်ကောင်စီတို့က တရားဝင်ထုတ်ပြန် ပြောဆိုခဲ့ပြီးနောက် လက်ရှိဖြစ်ပေါ်နေသော ထိုင်ဝမ်အရေးကိစ္စအပါအဝင် တရုတ်အစိုးရ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဝေဖန်မှုများ မြှင့်တက်လျက်ရှိကြောင်း သိရသည်။

ပုံစာ-တရုတ်သမ္မတ ရှီကျင်းဖျင်သည် NLD အရပ်သားအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့လာရောက်စဉ်

NUG အေနျဖင့္ ဆက္သြယ္ေရးလမ္းေၾကာင္း အကုန္ဖြင့္ထားၿပီး တ႐ုတ္ႏွင့္ ထိေတြ႕ဆက္ဆံေန
ႏိုင္မင္းလြင္/ဧရာဝတီတိုင္းမ္
ဇန္နဝါရီ ၁၉ ရက္
အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕ (NUG) အေနျဖင့္ အိမ္နီးခ်င္း ႏိုင္ငံျဖစ္သည့္ တ႐ုတ္ အစိုးရႏွင့္ ထိေတြ႕ဆက္ဆံေနၿပီး ဆက္သြယ္ေရးလမ္းေၾကာင္း မွန္သမွ်အကုန္ ဖြင့္ထားေၾကာင္း NUG ထံက သိရသည္။
တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ ေလးစားသည့္ ခ်စ္ၾကည္ေရးတစ္ခု အခိုင္အမာ တည္ေဆာက္ရန္အတြက္ NUG တြင္ မူဝါဒထားရွိၿပီး တက္ႂကြ၊ လြတ္လပ္၊ ဘက္မလိုက္ေသာ ႏိုင္ငံေရးမူဝါဒက်င့္သုံး၍ တ႐ုတ္အပါအဝင္ ႏိုင္ငံတကာႏွင့္ဆက္ဆံ ေနေၾကာင္း သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိ ဦးေက်ာ္ေဇာက ဧရာဝတီတိုင္းမ္ကို ေျပာသည္။
” ကြၽန္ေတာ္တို႔အစိုးရက တ႐ုတ္ႏိုင္ငံနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္း အကုန္ဖြင့္ ထားပါ တယ္။ ကြၽန္ေတာ္တို႔နဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္း ရွိတယ္ဆိုတာ ေျပာၾကားလို႔ လည္း ရပါတယ္။ ဒါေပမယ့္ ဘယ္လိုမ်ိဳးဆိုတာေတာ့ ကြၽန္ေတာ္အေနနဲ႔ အတိအက်မေျပာႏိုင္ တာကို နားလည္ေစခ်င္ပါတယ္။ ကြၽန္ေတာ္တို႔မွာ ဆက္သြယ္ေရးလမ္းေၾကာင္း ရွိပါ တယ္။ ထိေတြ႕ဆက္ဆံေနတာေတြ ရွိပါတယ္” ဟု ၎က ဆိုသည္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)သည္ ၿပီးခဲ့သည့္ ဇန္နဝါရီ ၁ ရက္က တ႐ုတ္ ႏိုင္ငံဆိုင္ရာ သေဘာထားႏွင့္ ပတ္သက္၍ ထုတ္ျပန္ခဲ့ၿပီး ျမန္မာႏိုင္ငံအတြင္းရွိ တ႐ုတ္ႏိုင္ငံ ရင္းႏွီးျမဳပ္ႏွံမႈမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ား၏ လုံၿခဳံေရးကို ထိန္းသိမ္း ကာကြယ္ ေပးသြားမည္ဆိုေသာ အခ်က္အပါအဝင္ အခ်က္ (၁၀) ခ်က္ ထည့္သြင္း ေဖာ္ျပခဲ့သည္။
တ႐ုတ္ႏွင့္ျမန္မာ ႏွစ္ႏိုင္ငံျပည္သူမ်ား၏ အက်ိဳးစီးပြား ျဖစ္ထြန္းေရးကို ေမွ်ာ္ရည္လွ်က္ ယခုကဲ့သို႔ ထိန္းသိမ္းကာကြယ္ ေပးသြားမည္ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းမႈ မတိုင္ခင္က ႏွစ္ႏိုင္ငံနယ္နိမိတ္သတ္မွတ္မႈ စာခ်ဳပ္မ်ားအပါအ၀င္ ႏွစ္ႏိုင္ငံၾကား သေဘာ တူခ်ဳပ္ဆိုခဲ့သည့္ စာခ်ဳပ္မ်ားအားလုံးကိုလည္း တာ၀န္ယူ ဆက္ခံသြားမည္ဟု NUG က ဆိုထားသည္။
ထို႔အျပင္ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္ နယ္နိမိတ္အားျဖင့္ ကီလိုမီတာ ၂၀၀၀ ေက်ာ္ ထိစပ္လ်က္ရွိၿပီး ကမာၻတည္သေ႐ြ႕ အတူယွဥ္တြဲ ေနထိုင္သြားရမည့္ အိမ္နီးခ်င္းႏိုင္ငံမ်ား ျဖစ္သည္ႏွင့္အညီ ျမန္မာႏိုင္ငံအေနျဖင့္ ႏွစ္ႏိုင္ငံၾကား စစ္မွန္ေသာ “ေဆြမ်ိဳး-ေပါက္ေဖာ္” ဆက္ဆံေရးကို တည္ေဆာက္သြားမည္ျဖစ္ၿပီး “တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒ” ကို ဆက္လက္ ေထာက္ခံ က်င့္သုံးမည္ျဖစ္ေၾကာင္း NUG ၏ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ျမန္မာျပည္တြင္ စစ္အာဏာရွင္ ရွိေနသေ႐ြ႕ အၾကမ္းဖက္မႈမ်ား ရွိေနၿပီး ေဒသတြင္း ႏိုင္ငံမ်ားပါ မတည္ၿငိမ္ေအာင္ ၎တို႔က လုပ္ေဆာင္ေနျခင္းေၾကာင့္ ျပည္သူလူထု၏ ေႏြဦးေတာ္လွန္ေရးကို တ႐ုတ္ႏိုင္ငံအေနျဖင့္ နားလည္သေဘာေပါက္ရန္ ေမွ်ာ္လင့္ေၾကာင္း သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိ ဦးေက်ာ္ေဇာက ဆိုသည္။
“အဲဒီအတြက္ကို တ႐ုတ္ႏိုင္ငံအေနနဲ႔ကလည္း နားလည္ၿပီးေတာ့ ျပည္သူလူထုရဲ႕ ဆႏၵအတိုင္း၊ ျပည္သူလူထု ဆႏၵနဲ႔ ထင္ဟပ္တဲ့ ဆက္ဆံေရး ျဖစ္မယ္လို႔လည္း ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။ အဲဒီအတြက္လည္း ကြၽန္ေတာ္တို႔ အၿမဲတမ္း ေျပာဆိုေန တယ္ဆိုတာ ေျပာၾကားခ်င္ပါတယ္” ဟု ဦးေက်ာ္ေဇာက ေျပာသည္။
ယာယီသမၼတ ဒူဝါလရွီးလက ၿပီးခဲ့သည့္ ဇန္နဝါရီ ၁၆ ရက္ေန႔က ျပဳလုပ္သည့္ NUG အစိုးရအဖြဲ႕ အစည္းအေဝးတြင္ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံ၏ ျမန္မာႏိုင္ငံ ဆိုင္ရာ ႏိုင္ငံျခားေရးမူဝါဒ သေဘာထားမ်ားသည္ ျပည္တြင္းေရး အေျခအေနမ်ားအေပၚ လႊမ္းမိုး မႈရွိသည္ကို ေတြ႕ရွိရၿပီး NUG အေနျဖင့္ တက္ႂကြ၊ လြတ္လပ္ေသာ ႏိုင္ငံျခားေရးမူဝါဒကို က်င့္သုံးသကဲ့သို႔ လက္ေတြ႕က်သည့္ ႏိုင္ငံျခားေရးသေဘာထားကိုလည္း ခ်မွတ္ထား ေၾကာင္း ေျပာၾကားခဲ့သည္။
NUG အေနျဖင့္ ေဒသတြင္း ႏိုင္ငံႀကီးမ်ား၏ ေနာက္ၿမီးဆြဲျဖစ္၍ မရသလို ကမာၻ႔ အင္အားႀကီး ႏိုင္ငံမ်ား၏ ေနာက္လိုက္လည္း ျဖစ္လို႔မရေၾကာင္း၊ ကိုယ့္မူ၊ ကိုယ့္ဟန္ႏွင့္ ခိုင္ခိုင္ၾကည္ၾကည္ ရပ္တည္ေလွ်ာက္လွမ္းရန္ လိုအပ္ေသာ္လည္း ေခတ္သစ္ႏိုင္ငံတကာ ႏိုင္ငံေရးဇာတ္ခုံတြင္ တစ္ကိုယ္တည္း၊ တစ္ထီးတည္း ေနလို႔မရေၾကာင္း ယာယီသမၼတက ဆက္လက္ေျပာၾကားသည္။
“အားလုံးဟာ အျပန္အလွန္ အမွီသဟဲျပဳၿပီး ရွင္သန္ေပါင္းစည္းေနၾကရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ႏိုင္ငံတကာ ႏိုင္ငံေရး ဇာတ္ခုံမွာ ႏိုင္ငံေရးအစြန္းေတြကို သတိထား ေရွာင္ၾကဥ္ဖို႔ လိုတယ္လို႔ ေျပာခ်င္ပါတယ္။ တစ္ဖက္မွာလည္း ျပည္တြင္းက ျပည္သူလူထုရဲ႕ သေဘာထားနဲ႔ ဆန႔္က်င္ဘက္မျဖစ္တဲ့ အျမင္သေဘာထားေတြကို ကိုင္ဆြဲက်င့္သုံးဖို႔ လိုပါတယ္။ ျပည္တြင္းက ေတာ္လွန္ေရးဒီေရဟာ ကမာၻ႔ႏိုင္ငံေရး ခ်ိန္ခြင္လွ်ာ အလွည့္အေျပာင္းေတြၾကားမွာ အနိမ့္အျမင့္ အတက္အက် ရွိတတ္ပါတယ္။ ဘယ္လိုပဲ ရွိသည္ျဖစ္ေစ၊ ကြၽန္ေတာ္တို႔ဟာ ဦးတည္ခ်က္ကို မ်က္ေျချပတ္လို႔ မရပါဘူး” ဟု NUG ယာယီသမၼတ ဒူဝါလရွီးလက ဆိုသည္။
တ႐ုတ္အစိုးရအေနျဖင့္ ျမန္မာ့ျပည္တြင္းေရးႏွင့္ပတ္သက္၍ အာဏာသိမ္း စစ္ေကာင္စီကို တိုက္႐ိုက္ဆက္ဆံေနၿပီး NUG ကိုမူ လွ်ိဳ႕ဝွက္ဆက္ဆံျခင္းမ်ိဳး ရွိႏိုင္ ေၾကာင္း တ႐ုတ္-ျမန္မာအေရး ေလ့လာသုံးသပ္သူ ေဒါက္တာလွေက်ာ္ေဇာက ဧရာဝတီတိုင္းမ္ကို ေျပာသည္။
“စစ္ေကာင္စီကိုေတာ့ တ႐ုတ္အေနနဲ႔ တရားဝင္ အစိုးရတစ္ရပ္အေနနဲ႔ သေဘာထား မွာပဲေလ။ အဲဒီေတာ့ ေျပာစရာရွိရင္ သူ႔ကိုပဲ တိုက္႐ိုက္ေျပာၿပီးေတာ့ သူနဲ႔ပဲ ဆက္ဆံဖို႔ လုပ္မွာပဲ။ စစ္ေကာင္စီကေတာ့ သူဆက္ဆံေရး မပ်က္ေအာင္ ဆက္ဆံမယ္ထင္တယ္။ NUG ကေတာ့ သူလွ်ိဳ႕ဝွက္ၿပီး ဆက္ဆံတာ ျဖစ္ခ်င္ျဖစ္မယ္၊ တိုက္႐ိုက္ဆက္ဆံတာေတာ့ သိပ္မေတြ႕ေသးဘူးဗ်။ အဲဒီေတာ့ စစ္ေကာင္စီနဲ႔ NUG ကို ဆက္ဆံတာ သီးျခားခြဲထားမွာပဲေနာ္။ စစ္ေကာင္စီကေတာ့ ျမန္မာျပည္ရဲ႕ အဓိကအာဏာကိုင္ထားတဲ့ အစိုးရတစ္ရပ္ေပါ့၊ De Facto government ေပါ့။ အဲဒီအတြက္ သူက လိုအပ္ေတြဘာေတြ စစ္ေကာင္စီနဲ႔ပဲ ဆက္ဆံမွာပဲ။ NUG ကိုေတာ့ ေလာေလာဆယ္ သိပ္ဆက္ဆံ ဦးမွာ မဟုတ္ဘူး။ လွ်ိဳ႕ဝွက္ေတာ့ ဆက္ဆံမယ္။ ေဒၚဇင္မာေအာင္ (NUG ႏိုင္ငံျခားေရးဝန္ႀကီး) ေျပာသလို Silent diplomacy ေတြဘာေတြ ရွိသလားေတာ့ မေျပာတတ္ဘူးေပါ့ဗ်ာ” ဟု ေဒါက္တာလွေက်ာ္ေဇာ က ဆိုသည္။
ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒကို ဆက္လက္ေထာက္ခံ က်င့္သုံးမည္ဟု NUG ႏွင့္ စစ္ေကာင္စီတို႔က တရားဝင္ထုတ္ျပန္ ေျပာဆိုခဲ့ၿပီးေနာက္ လက္ရွိျဖစ္ေပၚေနေသာ ထိုင္ဝမ္အေရးကိစၥအပါအဝင္ တ႐ုတ္အစိုးရ၏ လုပ္ေဆာင္မႈမ်ားႏွင့္ ပတ္သက္၍ ေဝဖန္မႈမ်ား ျမႇင့္တက္လ်က္ရွိေၾကာင္း သိရသည္။
ပုံစာ-တ႐ုတ္သမၼတ ရွီက်င္းဖ်င္သည္ NLD အရပ္သားအစိုးရလက္ထက္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလအတြင္းက ျမန္မာႏိုင္ငံသို႔လာေရာက္စဥ္

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *