ခဝေးဂိတ်၂ခုဆော်ခံရ(ရုပ်သံ)

မုံရွာ- အမြင့်လမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး(ရုပ်/သံ)

ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -အမြင့်လမ်းပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ၂ ခုကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်အချိန် မုံရွာမြို့နယ် မုံရွာ – အမြင့်လမ်းပေါ်ရှိ ထနောင်း တော စစ်ဆေးရေးဂိတ်ကို ဗုံးသီး ၂ လုံးနှင့် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မုံရွာမြိုအဝင်-မအူစစ်ဆေး ရေး ဂိတ်ကို ဗုံးသီး ၁ လုံး စုစုပေါင်း ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း မအူဂိတ်ရှိ စစ်ကောင်စီတပ်သား၊ ရဲများက ၈၁ မမ လက်နက်ကြီး ဖြင့် ၃ လုံး၊ ထနောင်းတောစစ်ရေးဂိတ်ရှိ စစ်သား၊ ရဲများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ သိန်း ၂၀၀ ဝန်းကျင်တန်ဖိုးရှိ ဒရုန်းတစ် စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗန္ဓုလနှင့် အဖွဲ့သားများ LDF၊ Chindwin Fighter Group (C.F.G) နှင့် Brave Heart Army-BHA အဖွဲများပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *