ရန်ကုန်ကအမှိုက်တွေများများသိမ်းကွာ

လှိုင်မြို့နယ်တွင် တော်လှန်ရေးလူငယ်များကို ဖမ်းဆီးခဲ့သူ ရာအိမ်မှူးသန်းမြင့်နှင့် ပြည်သူများကို ခြိမ်းခြောက် ဖိနှိပ်သူ အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျင်ဖျောက်တို့ သေနတ်ဖြင့် ပစ်ခတ် ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် တော်လှန်ရေးလူငယ်များကို ဖမ်းဆီးခဲ့သူ ရာအိမ်မှူး သန်းမြင့်နှင့် ပြည်သူများကို ခြိမ်းခြောက် ဖိနှိပ်သူ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျင်ဖျောက်တို့ သေနတ်ဖြင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ၊ ညနေ ၆ နာရီအချိန် လှိုင်မြို့နယ် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ် ရေးမှူး ကျင်ဖျောက်နှင့် အုတ်ကျင်း ဘူတာရုံမှ ရာအိမ်မှူး သန်းမြင့် တို့သည် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာစဉ် ပန်းခြံကျောင်းလမ်း၊ အလက ၇ ကျောင်းရှေ့အရောက် စက်ဘီးစီး လာသော လူ ၁ ဦးက ၎င်းတို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရာအိမ်မှူး သန်းမြင့်သည် ဦးခေါင်း၊ ဝမ်းဗိုက်၊ ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျင်ဖျောက်မှာမူ ဝမ်းဗိုက်၊ ရင်ဘတ်နှင့် ခြေထောက်တို့တွင် ကျည် ၃ ချက် ထိမှန်ပြီး ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“သေဆုံးသူ ၂ ဦးစလုံးက အသက် ၇၀ ကျော် အဘိုးကြီးတွေ။ အရင်ကတော့ ရပ်ကွက်ထဲမှာ ကြုံရာ ကျပန်း လုပ်စားကြတဲ့သူတွေပါ။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး လုပ်မယ့်လူ မရှိလို့ သူတို့က တက် လုပ်ကြတာ။ အုပ်ချုပ်ရေးမှူးဆိုရင် အလကားနေရင် ဧည့်စာရင်း တိုင်တဲ့သူတွေကို ငေါက်ငန်း ဆဲဆိုနေတာ။ ရပ်ကွက်ထဲလည်း အမြဲ ဘာကြေး၊ ညာကြောင်း အကြောင်းအမျိုးမျိုးပြ တောင်းတယ်။ ရပ်ကွက်ထဲမှာ ကန်ထရိုက်တိုက်တွေ ဆောက်ရင် သူတို့ကို ငွေကျပ်သိန်း ဆယ်ချီပေးရတယ်။ မပေးရင်လည်း တောင်းတယ်။ သေဆုံးသူ ၂ ဦးစလုံးကတော့ ရပ်ကွက်မှာ ဘာလေးဖြစ်ဖြစ် စစ်တပ်ကို ဖုန်းဆက်သတင်းပို့ အမြဲလုပ်နေကြတဲ့ သူတွေပဲ။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။

ပစ်ခတ်ခံရပြီး သေဆုံးသူ ရာအိမ်မှူး သန်းမြင့်မှာ စစ်တပ်အာဏာသိမ်းခြင်းအား အပြည့်အဝ ထောက်ခံပြီး အာဏာသိမ်းစအချိန်ကတည်းက ဆန္ဒပြပြည်သူများကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစေရန်အားပေးကူညီသူတဦးဖြစ်ကြောင်း၊ သားဖြစ်သူမှာ စစ် တပ်မှ အရာရှိဖြစ်ကြောင်း၊ ရာအိမ်မှူး သန်းမြင့်ကြောင့် ဆန္ဒပြအဖွဲ့ဖြစ်သည့် ရေဘဝဲအဖွဲ့မှ လူငယ် ၆ ဦး အဖမ်းခံခဲ့ရပြီး ၃ ဦးမှာထောင်ဒဏ် ၁၃ နှစ်စီကျခံခဲ့ရကြောင်း၊ တော်လှန်ရေးနှင့်ပတ်သက်သူတော်တော်များများ ၎င်း၏သတင်းပေးတိုင်တန်းမှုကြောင့် ယနေ့အထိထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း Hlaing Info ၏ သတင်းဖော်ပြမှု အရ သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *