အားရကျေနပ် ပြည်သူကိုဒုက္ခပေးနေတဲ့ခဝေးဗိုလ်ငရဲပို့

ပေါင်းတည်တွင် ရွာစဉ်လှည့်လည် မီးရှို့ဖျက်ဆီးနေသော စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်နေလင်းအောင်၊ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၆ ဦးသေ ဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ်ကို မီးရှို့

ဇန်နဝါရီ ၂၀

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ရွာစဉ်လှည့်လည် မီးရှို့ဖျက်ဆီးနေသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်နေလင်းအောင်၊ အရာရှိ ၃ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန် ပေါင်းတည်မြို့နယ်၊ တောင် ခမောက် ကျေးရွာနှင့် ကိုင်းကွင်းကျေးရွာအကြား ရွာစဉ်လှည့်လည်မီးရှို့ ဖျက်ဆီး နေ သော အင်အား ၇၀ ဦးပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး တပ်များက မိုင်း ၅ ကြိမ်ဆွဲတိုက်ခိုက် ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ကပစ ၁၉ တပ်မှ ဗိုလ်နေလင်းအောင်၊ အရာရှိ ၃ ဦး၊ အခြားအဆင့် ၂ ဦး စုစုပေါင်း စစ်သား ၆ ဦးသေဆုံး ကြောင်း၊ စစ်သား ၄ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က သေဆုံးသွားသော စစ်သား အလောင်း ၆ လောင်း နှင့်ဒဏ်ရာရရှိသူများကို ဝဲကြီးဆည် ရေလမ်းကြောင်းမှတစ်ဆင့် ပေါင်းတည်မြို့သို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်၏ မိုင်းဆွဲခံရမှုကြောင့် အထိနာသွားသော စစ်တပ်က မိုင်းဆွဲ ခံရသည့် နေရာအနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီး ကြောင်း၊ ယင်းနောက် နေအိမ်ပိုင်ရှင် ပြည်သူ ကိုမိုးကြီးကိုလည်း စစ်တပ်က နေရာတွင်ပင် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်ထားသော အရပ်သားပြည်သူ ကိုမိုးကြီး၏ ရုပ်အလောင်းနှင့် မီးရှို့ဖျက်ဆီးခံထားရသည့် နေအိမ်။

ေပါင္းတည္တြင္ ႐ြာစဥ္လွည့္လည္ မီးရႈိ႕ဖ်က္ဆီးေနေသာ စစ္တပ္ကို မိုင္းဆြဲ တိုက္ခိုက္မႈ ဗိုလ္ေနလင္းေအာင္၊ အရာရွိ ၃ ဦး အပါအဝင္ စစ္သား ၆ ဦးေသ ဆုံး၊ စစ္တပ္က ျပည္သူ ၁ ဦးကို သတ္ျဖတ္ၿပီး ေနအိမ္ကို မီးရႈိ႕
ဇန္နဝါရီ ၂၀
ပဲခူးတိုင္း၊ ေပါင္းတည္ၿမိဳ႕နယ္တြင္ ႐ြာစဥ္လွည့္လည္ မီးရႈိ႕ဖ်က္ဆီးေနေသာ စစ္တပ္ကို မိုင္းဆြဲတိုက္ခိုက္မႈ ဗိုလ္ေနလင္းေအာင္၊ အရာရွိ ၃ ဦး အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆ ဦးေသဆုံးေၾကာင္း ျပည္ခ႐ိုင္တပ္ရင္း (၃၆၀၁ PPDF) တပ္ရင္းမွ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံက ေျပာဆိုသည္။
ဇန္နဝါရီလ ၁၆ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္ ေပါင္းတည္ၿမိဳ႕နယ္၊ ေတာင္ ခေမာက္ ေက်း႐ြာႏွင့္ ကိုင္းကြင္းေက်း႐ြာအၾကား ႐ြာစဥ္လွည့္လည္မီးရႈိ႕ ဖ်က္ဆီး ေန ေသာ အင္အား ၇၀ ဦးပါ စစ္တပ္စစ္ေၾကာင္းကို ေတာ္လွန္ေရး တပ္မ်ားက မိုင္း ၅ ႀကိမ္ဆြဲတိုက္ခိုက္ ခဲ့ေၾကာင္း၊ စစ္ေကာင္စီ၏ ကပစ ၁၉ တပ္မွ ဗိုလ္ေနလင္းေအာင္၊ အရာရွိ ၃ ဦး၊ အျခားအဆင့္ ၂ ဦး စုစုေပါင္း စစ္သား ၆ ဦးေသဆုံး ေၾကာင္း၊ စစ္သား ၄ ဦးမွာ အျပင္းအထန္ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။
အၾကမ္းဖက္စစ္ေကာင္စီတပ္က ေသဆုံးသြားေသာ စစ္သား အေလာင္း ၆ ေလာင္း ႏွင့္ဒဏ္ရာရရွိသူမ်ားကို ဝဲႀကီးဆည္ ေရလမ္းေၾကာင္းမွတစ္ဆင့္ ေပါင္းတည္ၿမိဳ႕သို႔ သယ္ေဆာင္သြားေၾကာင္း သိရွိရသည္။
ေတာ္လွန္ေရးတပ္၏ မိုင္းဆြဲခံရမႈေၾကာင့္ အထိနာသြားေသာ စစ္တပ္က မိုင္းဆြဲ ခံရသည့္ ေနရာအနီးအနားရွိ ေနအိမ္တစ္လုံးကို ဝင္ေရာက္စီးနင္း မီးရႈိ႕ ဖ်က္ဆီး ေၾကာင္း၊ ယင္းေနာက္ ေနအိမ္ပိုင္ရွင္ ျပည္သူ ကိုမိုးႀကီးကိုလည္း စစ္တပ္က ေနရာတြင္ပင္ ပစ္ခတ္ သတ္ျဖတ္သြားေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- စစ္တပ္က သတ္ျဖတ္ထားေသာ အရပ္သားျပည္သူ ကိုမိုးႀကီး၏ ႐ုပ္အေလာင္းႏွင့္ မီးရႈိ႕ဖ်က္ဆီးခံထားရသည့္ ေနအိမ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *