မကြာခင်ပြေးရတော့မှာကို လူလဲနေတုန်း

စစ်အာဏာသိမ်း ၃ နှစ်ပြည့်တွင် စစ်ဘက်ထိပ်ပိုင်း ဗိုလ်ချုပ်တချို့ နှင့် အရပ် ဘက် ဝန်ကြီးတချို့ အပြောင်းအလဲလုပ်ရန်ရှိဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၀

အကြမ်းဖက်စစ်ကောင်စီက လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု ၃ နှစ်ပြည့်သည့်နေ့တွင် စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်း ဗိုလ်ချုပ်တချို့နှင့် အရပ် ဘက် ဝန်ကြီးတချို့ကို အပြောင်းအလဲလုပ်ရန် ရှိနေသည်ဟု သတင်းများ သိရှိရ ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

အာဏာသိမ်း ၃ နှစ်ပြည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်း အဝေး ခေါ်ယူ၍ သက်တမ်း ၆ လ ထပ်မံတိုးမြှင့် မည် ဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ် တွင် သန်း ခေါင်စာရင်း ကောက်ယူ ရေး နှင့် ရွေးကောက်ပွဲ ကျင်းပရေးကို အဓိက ဦးတည်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အာ ဏာသိမ်း ၃ နှစ်ပြည့်တွင် ဗိုလ်ချုပ် တချို့ ရာထူးအပြောင်းအလဲလုပ်ရန် ရှိနေပြီး ဝန်ကြီးတချို့လည်း အပြောင်း အလဲလုပ်ရန် ရှိသည်ဟု သတင်းများ သိရှိရကြောင်း စစ်ဘက် သတင်းရင်းမြစ်က ဆိုသည်။

“၃ နှစ်ပြည့်မို့လို့ လူလဲတာမျိုး လုပ်မယ်လို့ သိရပါတယ်။ ဘယ်သူတွေကို လဲပြီး ဘယ်လိုဖြစ်မှာလဲတော့ သေချာမသိရဘူး။ ဗိုလ်ချုပ်ကြီး တချို့ အငြိမ်းစားနဲ့ အရန် အင်အား ထပ်သွားဖို့ရှိတယ်လို့ သိရတယ်။ အရပ်ဘက်ဝန်ကြီး တချို့ လည်း အပြောင်းအလဲလုပ်မယ်လို့ သိရတယ်။ သန်းခေါင်စာရင်းကောက်ဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ဦးတည်လုပ်ဖို့တော့ ပြင်ဆင်နေတာလည်း ရှိနေတယ်။ အဓိကက တပ်ချုပ်က သဘောကျတဲ့လူတချို့ အစိုးရအဖွဲ့ထဲ ထပ်ပါလာဖို့ ရှိနေ တယ်လို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆို သည်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့် အပြောင်းအလဲတချို့ရှိသော်လည်း နိုင်ငံရေးအရ ကြီးကြီးမားမား အပြောင်းအလဲ မြင်ရမည်မဟုတ်ဘဲ လူစားလဲ အစားထိုးမှု တချို့သာ ရှိလိမ့် မည်ဖြစ်သည်ဟု နေပြည်တော် စစ်ဘက်သတင်း ရင်းမြစ်က ဆိုသည်။

စစ္အာဏာသိမ္း ၃ ႏွစ္ျပည့္တြင္ စစ္ဘက္ထိပ္ပိုင္း ဗိုလ္ခ်ဳပ္တခ်ိဳ႕ ႏွင့္ အရပ္ ဘက္ ဝန္ႀကီးတခ်ိဳ႕ အေျပာင္းအလဲလုပ္ရန္ရွိဟုဆို
ရန္ကုန္၊ ဇန္နဝါရီ ၂၀
အၾကမ္းဖက္စစ္ေကာင္စီက လာမည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းမႈ ၃ ႏွစ္ျပည့္သည့္ေန႔တြင္ စစ္ဘက္ဆိုင္ရာ ထိပ္ပိုင္း ဗိုလ္ခ်ဳပ္တခ်ိဳ႕ႏွင့္ အရပ္ ဘက္ ဝန္ႀကီးတခ်ိဳ႕ကို အေျပာင္းအလဲလုပ္ရန္ ရွိေနသည္ဟု သတင္းမ်ား သိရွိရ ေၾကာင္း ေနျပည္ေတာ္ စစ္ဘက္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္ သတင္း ဌာနထံသို႔ ေျပာဆိုသည္။
အာဏာသိမ္း ၃ ႏွစ္ျပည့္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ အစည္း အေဝး ေခၚယူ၍ သက္တမ္း ၆ လ ထပ္မံတိုးျမႇင့္ မည္ ျဖစ္ၿပီး ယခု ၂၀၂၄ ခုႏွစ္ တြင္ သန္း ေခါင္စာရင္း ေကာက္ယူ ေရး ႏွင့္ ေ႐ြးေကာက္ပြဲ က်င္းပေရးကို အဓိက ဦးတည္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း၊ အာ ဏာသိမ္း ၃ ႏွစ္ျပည့္တြင္ ဗိုလ္ခ်ဳပ္ တခ်ိဳ႕ ရာထူးအေျပာင္းအလဲလုပ္ရန္ ရွိေနၿပီး ဝန္ႀကီးတခ်ိဳ႕လည္း အေျပာင္း အလဲလုပ္ရန္ ရွိသည္ဟု သတင္းမ်ား သိရွိရေၾကာင္း စစ္ဘက္ သတင္းရင္းျမစ္က ဆိုသည္။
“၃ ႏွစ္ျပည့္မို႔လို႔ လူလဲတာမ်ိဳး လုပ္မယ္လို႔ သိရပါတယ္။ ဘယ္သူေတြကို လဲၿပီး ဘယ္လိုျဖစ္မွာလဲေတာ့ ေသခ်ာမသိရဘူး။ ဗိုလ္ခ်ဳပ္ႀကီး တခ်ိဳ႕ အၿငိမ္းစားနဲ႔ အရန္ အင္အား ထပ္သြားဖို႔ရွိတယ္လို႔ သိရတယ္။ အရပ္ဘက္ဝန္ႀကီး တခ်ိဳ႕ လည္း အေျပာင္းအလဲလုပ္မယ္လို႔ သိရတယ္။ သန္းေခါင္စာရင္းေကာက္ဖို႔နဲ႔ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ဦးတည္လုပ္ဖို႔ေတာ့ ျပင္ဆင္ေနတာလည္း ရွိေနတယ္။ အဓိကက တပ္ခ်ဳပ္က သေဘာက်တဲ့လူတခ်ိဳ႕ အစိုးရအဖြဲ႕ထဲ ထပ္ပါလာဖို႔ ရွိေန တယ္လို႔ သိရတယ္” ဟု ေနျပည္ေတာ္စစ္ဘက္သတင္းရင္းျမစ္က ေျပာဆို သည္။
စစ္အာဏာသိမ္း ၃ ႏွစ္ျပည့္ အေျပာင္းအလဲတခ်ိဳ႕ရွိေသာ္လည္း ႏိုင္ငံေရးအရ ႀကီးႀကီးမားမား အေျပာင္းအလဲ ျမင္ရမည္မဟုတ္ဘဲ လူစားလဲ အစားထိုးမႈ တခ်ိဳ႕သာ ရွိလိမ့္ မည္ျဖစ္သည္ဟု ေနျပည္ေတာ္ စစ္ဘက္သတင္း ရင္းျမစ္က ဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *