ရွှေဆိုင်မှာလည်းသူတို့အဖွဲ့ပဲဖြစ်မယ် သူခိုးလက်မှတ်ရထာကြတာ

နွားထိုးကြီးမြို့၊ ရွှေလွန်းနဒီ ရွှေဆိုင် ပိုင်ရှင် နေအိမ်ကို ပျူစောထီးများ ဓားပြဝင်တိုက်၊ ရွှေထည်ပစ္စည်း များနှင့် ငွေကျပ် သိန်း ၂၀၀ ကျော် ယူဆောင်သွားရန်ကုန်၊ ဇန်နဝါရီ ၂၀ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်ရှိ ရွှေလွန်းနဒီရွှေဆိုင် ပိုင်ရှင် နေအိမ်ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများက ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းနှင့် ငွေကျပ်သိန်း ၂၀၀ ကျော် ယူဆောင်သွားကြောင်း ဒေသနေပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ည ၉ နာရီ မိနစ် ၃၀ ခန့်က နွားထိုးကြီးမြို့၊ ရွှေလွန်းနဒီရွှေဆိုင်ပိုင်ရှင် နေထိုင်သည့် ငွေဇင်ဦးဆီစက်ကို ဆိုင်ကယ် ၃ စီးဖြင့် သေနတ်၊ တုတ်၊ ဓား များကိုင်ဆောင်ထားသော ပျူစောထီးများက ဝင်ရောက် စီးနင်းကာ နေအိမ်ပိုင်ရှင် ဦးမြင့်ကို၊ ဒေါ်သင်းနွယ် နှင့် သမီးငယ်တို့မှာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း နေအိမ်တွင် ကျန်ရှိနေခဲ့သည့် အသက် ၂၅ နှစ်အရွယ် သားဖြစ်သူကို ဓားပြတိုက်သူများက ရိုက်နှက်၊ ထိုးကြိတ်ကာ သော့တောင်းယူပြီး ရွှေဆိုင်မှ နေအိမ်သို့ ကားဖြင့်သယ်ယူလာသည့် ရွှေထည်များနှင့်ငွေကျပ်သိန်း ၂၀၀ ကို ယူဆောင် ကာ ဆိုင်ကယ်များဖြင့် ပြန်ထွက်သွားကြောင်း သိရသည်။“ရွှေတွေကတော့ ဘယ်လောက်ပါသွားတယ်မသိဘူး၊ ပါတာကတော့များတယ်၊ ရွှေဆိုင်က အိမ်ကို ပြန်သယ်တဲ့ရွှေတွေပါသွားတာ၊ ငွေကတော့ သိန်း ၂၀၀ လို့သိရတယ်၊ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက် ကလည်း ရွှေဆိုင်ကို လူနှစ်ယောက်က သေနတ်နဲ့ဝင်ပြီး ဓားပြတိုက်ခံရဖူးသေးတယ်၊ အဲဒီတုန်းက စစ်အုပ်စုကို တိုင်ခဲ့ပေမယ့်အရေးမယူဘူး၊ စစ်အုပ်စုက ပျူတွေနဲ့ပေါင်းပြီးကြံနေတာ၊ မတ္တရာမြို့မှာက စစ်အုပ်စုနဲ့ ပျူတွေပေါင်းပြီး ချိတ်ပိတ်ထားတဲ့နေအိမ်ထဲက ပစ္စည်းတွေခိုးတာတွေလုပ်နေတာ၊ အခု ဓားပြတိုက်တဲ့အဖွဲ့ကလည်း လူလတ်ပိုင်းနဲ့လူကြီးပိုင်းတွေပေါင်းပြီးတိုက်တာလို့ သိရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။ရွှေလွန်းနဒီရွှေဆိုင်သည် ဒုတိယအကြိမ် ဓားပြ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးများပူးပေါင်းကာ ဓားပြတိုက်ခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုနှင့်ပျူစောထီးများသည် နွားထိုး ကြီးမြို့နယ်အတွင်းရှိ ချိတ်ပိတ်ခံထားရသော နေအိမ်များအတွင်းမှ ရွှေထည်ပစ္စည်းများ၊ တန်ဖိုးကြီး ပစ္စည်းများကို ဖောက်ထွင်းခိုးယူလေ့ရှိပြီး ပြည်သူပိုင်ကျွဲ၊နွားများကိုလည်း အတင်းအဓမ္မယူဆောင်‌ လေ့ရှိကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *