ပေါက်တောမြို့ ဆို့အောက်

ပေါက်တောမြို့ကို AA ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ စစ်စခန်းများ မြို့ကိုစွန့်ခွာ

ဧရာ၀တီတိုင်းမ်

ဇန်နဝါရီ ၂၀ ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပေါက်တောမြို့အတွင်းရှိ စစ်ကောင်စီတပ်များ နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းအချိန်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်စခန်းများကို စွန့်ခွာထွက်သွားကြသည့်အတွက် မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်တောမြို့တွင် ယမန်‌နေ့က တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လာရောက်ခေါ်ယူသည့် စစ်ရေယာဉ် ကိုပါ AA က ပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားပြီး အရှင်ဖမ်းဆီးရမှုများရှိကြောင်း သိရသည်။

“ပေါက်တောမှာ စစ်သားတစ်ယောက်မှ မရှိတော့ဘူး။ ရသေ့တောင်နဲ့ ကျောက်တော်မှာပါ AA တပ်တွေက သိမ်းနိုင်သလောက်ဖြစ်နေပြီ”ဟု ရခိုင်ဒေသခံတစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ပေါက်တောမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိပြီး လေကြောင်းနှင့် ရေကြောင်းတို့ဖြင့်လည်း အပြင်းအထန်ခုခံကာကွယ်လျက်ရှိကြောင်း သိရသည်။

အလားတူ မင်းပြားမြို့ပေါ်သို့လည်း ဂျက်ဖိုက်တာဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် လျက်ရှိပြီး လူနေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ရကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထား သည်။

ေပါက္ေတာၿမိဳ႕ကို AA ထိန္းခ်ဳပ္ထားႏိုင္ၿပီး စစ္ေကာင္စီ စစ္စခန္းမ်ား ၿမိဳ႕ကိုစြန႔္ခြာ
ဧရာ၀တီတိုင္းမ္
ဇန္နဝါရီ ၂၀ ရက္
ရခိုင္ျပည္နယ္၊ ေပါက္ေတာၿမိဳ႕ကို ရကၡိဳင့္တပ္ေတာ္ (AA) က ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံက သိရသည္။
ေပါက္ေတာၿမိဳ႕အတြင္းရွိ စစ္ေကာင္စီတပ္မ်ား ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔သည္ ယမန္ေန႔ ဇန္နဝါရီ ၁၉ ရက္ေန႔ ညေနပိုင္းအခ်ိန္က တိုက္ပြဲျဖစ္ပြားၿပီးေနာက္ စစ္စခန္းမ်ားကို စြန႔္ခြာထြက္သြားၾကသည့္အတြက္ ၿမိဳ႕ကိုထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေပါက္ေတာၿမိဳ႕တြင္ ယမန္‌ေန႔က တစ္ေနကုန္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ထြက္ေျပးလာသည့္ စစ္ေကာင္စီ တပ္သားမ်ားကို လာေရာက္ေခၚယူသည့္ စစ္ေရယာဥ္ ကိုပါ AA က ပိတ္ဆို႔တိုက္ခိုက္ခဲ့သည့္အတြက္ စစ္ေကာင္စီတပ္မွ ေသဆုံးမႈမ်ားျပားၿပီး အရွင္ဖမ္းဆီးရမႈမ်ားရွိေၾကာင္း သိရသည္။
“ေပါက္ေတာမွာ စစ္သားတစ္ေယာက္မွ မရွိေတာ့ဘူး။ ရေသ့ေတာင္နဲ႔ ေက်ာက္ေတာ္မွာပါ AA တပ္ေတြက သိမ္းႏိုင္သေလာက္ျဖစ္ေနၿပီ”ဟု ရခိုင္ေဒသခံတစ္ဦး က ဧရာ၀တီတိုင္းမ္ကို ေျပာသည္။
လက္ရွိတြင္ စစ္ေတြၿမိဳ႕ေပၚရွိ စစ္ေကာင္စီတပ္သည္ ေပါက္ေတာၿမိဳ႕ကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္လ်က္ရွိၿပီး ေလေၾကာင္းႏွင့္ ေရေၾကာင္းတို႔ျဖင့္လည္း အျပင္းအထန္ခုခံကာကြယ္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ မင္းျပားၿမိဳ႕ေပၚသို႔လည္း ဂ်က္ဖိုက္တာျဖင့္ ေလေၾကာင္းမွဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပဳလုပ္ လ်က္ရွိၿပီး လူေနအိမ္ ၁၀ လုံးေက်ာ္ မီးေလာင္ျပာက်ခဲ့ရေၾကာင္း ညီေနာင္မဟာမိတ္အဖြဲ႕က ထုတ္ျပန္ထား သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *