တစ်ယောက်တော့ ပဲ့ထွက်သွားပြန်ပြီ ဝေစားမတည့်ကြဘူးဖြစ်မယ်

ကရင်ပြည်နယ်တွင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့က စစ်ကောင်စီ လက်အောက်ခံအဖြစ်မှ ခွဲထွက်ပြီး ရွှေက္ကိုလ်တွင် ခုခံစစ် အတွက် ပြင်ဆင်၊ စစ်ကောင်စီထံမှ လစာမယူတော့ဘဲ သီးခြားရပ်တည်ပြီဟု ThaiPBS North က သတင်းဖော်ပြရန်ကုန်၊ ဇန်နဝါရီ ၂၂ ကရင်ပြည်နယ်တွင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော ကရင်နယ်ခြား စောင့် တပ်ဖွဲ့(BGF) က စစ်ကောင်စီ လက်အောက်ခံအဖြစ်မှ ခွဲထွက်လိုက်ပြီး ရွှေက္ကိုလ်မြို့သစ်တွင် ခုခံစစ်ပြင်ဆင်နေကြောင်း ထိုင်း ThaiPBS North က သတင်းဖော်ပြသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF တပ်များသည် စစ်တပ်နှင့် ပူးတွဲ လုံခြုံရေးယူထားသော နေရာများမှ ထွက်ခွာ ပြီး သက်ဆိုင်ရာ ဌာနချုပ်သို့ ပြန်လည် ပေါင်းစည်းနေကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ကရင်နယ်ခြားစောင့်တပ် BGF က စစ်ကောင်စီထံမှ လစာအပါအဝင် ခံစားခွင့်များ မယူတော့ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း၊ ကရင်ပြည် နယ် စစ်ကောင်စီ ဥက္ကဋ္ဌ စိုးမြင့်ဦးတို့က ဗိုလ်မှူးကြီး စောချစ်သူကို လာရောက် တွေ့ဆုံပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူနှင့် လာရောက်တွေ့ဆုံရန် ဗိုလ်မှူးကြီး စောချစ်သူကို သတင်းစကားပါးကြောင်း၊ သို့ရာတွင် ဗိုလ်မှူးကြီး စောချစ်သူက ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းဦးဆောင်သော အဖွဲ့ကို BGF အနေဖြင့် မြန်မာစစ်တပ်ထံမှ ခွဲထွက်၍ သီးခြားရပ်တည်မည်ဖြစ်ကြောင်း၊ မည်သည့် ဘက်မှ မလိုက်ဘဲ ကရင်ပြည်နယ်ငြိမ်းချမ်းရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။ လက်ရှိတွင် BGF တပ်ဖွဲ့များသည် ရွှေက္ကိုလ်တွင် ခုခံစစ်အတွက် ပြင်ဆင်နေကြ ပြီး ဗိုလ်မှူးကြီး စောချစ်သူကလည်း ၎င်းတို့၏နယ်မြေများကို ကာကွယ်ရန် အမိန့်ပေးထားကြောင်း သိရှိရသည်။ဗိုလ်မှူးကြီး စောချစ်သူ ခေါင်းဆောင်နေသော ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF) တပ်ဖွဲ့ကို ၂၀၁၀ ခုနှစ် ဩဂုတ်လမှာ တိုးတက်သော ကရင့် အမျိုးသား တပ်မ တော် DKBA မှခွဲထွက်ပြီး တပ်ရင်း ၁၂ ရင်းနှင့် ကရင့် ငြိမ်းချမ်း ရေးတပ်ဖွဲ့ KPF မှ တပ်ရင်း ၁ ရင်း စုစုပေါင်း တပ်ရင်း ၁၃ ရင်းဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။ ယင်းနောက်၂၀၁၀ ခုနှစ်တွင် စစ်တပ် လက်အောက်ခံ ကရင်ပြည်နယ် နယ် ခြားစောင့်တပ်အဖြစ် တပ်ရင်း ၁၁ ရင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ကရင့်အမျိုးသား တပ်မတော် DKBA သည် မိခင် KNU အဖွဲ့မှ ၁၉၉၄ ခုနှစ် တွင် ခွဲထွက်ခဲ့ကာ စစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှုရယူခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *