အညာမွှင်းခါး၁၇ပွဲအမုန်းဆွဲ

ယင်းမာပင်မြို့နယ်၊ လက်တောင်းငယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၇ ဦး ထက်မနည်းသေဆုံးကာ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်တောင်းငယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်ထောင် စုလွတ်မြောက်ရေးတပ်ဦး (ULF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်က အင်အား ၈၀ ခန့်ဖြင့် ပုလဲမြို့ဘက်သို့ တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ယင်းမာပင် – ပုလဲ- ဆားလင်းကြီး ၃ မြို့ နယ်အစပ် လက်တောင်းငယ်ကျေးရွာအနီးအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၄ နာရီခန့်ကြမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား ၁၇ ဦး မျက်မြင်သေဆုံးခဲ့ပြီး အများအပြား ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

“ထွက်လာတုန်းက အင်အား ၈၀ ကျော်နဲ့ထွက်လာတာ၊ သေတာက မျက်မြင်သေတာ ၁၇ ဦးရှိတယ်၊ ဒဏ်ရာရတယ်တဲ့သူတွေလည်းရှိတယ်၊ အခုကတော့ အဲဒီစစ်ကြောင်းက ပုလဲမြို့ထဲဝင်သွားပြီ၊ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲဘော်တွေ မစိုးရိမ်ရပါဘူး” ဟု ပြည်ထောင် စုလွတ် မြောက်ရေးတပ်ဦး (ULF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အသုံးပြုသော MA (3) သေနတ် တစ် လက်၊ RPG အဖူး ၄ ဖူး၊ 60 အဖူး ၄ ဖူး၊ 40 မမ ဗုံး သီး ၁၅ လုံး၊ 5.56 ကျည် အတောင့် ၂၀၀၀ ကျော် နှင့် ခဲယမ်း ပစ္စည်းအစုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ခရိုင်ကွပ်ကဲရေး၏လမ်းညွှန်မှုဖြင့် ပြည်ထောင်စုလွတ်မြောက်ရေး တပ်ဦး -ULF (ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း) ၊ ဒေသခံ LPDFများ နှင့် တပ်ရင်းတပ်ဖွဲ့များပူးပေါင်း ကာ တိက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ULF (ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း) မှ ရဲဘော် ၅ ဦး အသက် အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မုံရွာမြို့မှ ညောင်ပင်ကြီးဘက်သို့ ကူးတို့ဖြင့်ကူးကာ ဆားလင်းကြီးမြို့နယ်အတွင်း ၃ ရက်ကြာ လှည့်လည်အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ပုလဲ မြို့ဘက်သို့ ဆက်လက်ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်းသေဆုံးခြင်းမရှိသည့် စစ် ကောင်စီ တပ်သားများမှာ ပုလဲမြို့ပေါ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *