လေဘဲတွေကAAကိုကူလိုက်ပြန်ပြီး ငှက်ပျောဖူးတွေအခင်းလိုက်(ရုပ်သံ)

မင်းပြားတိုက်ပွဲသို့ စစ်ကူလာသည့်စစ်ကောင်စီစစ်ကြောင်းအား AA ကြားဖြတ်တိုက်ခိုက်▪︎စစ်​ကောင်စီလေကြောင်းမှ ချပေးသော ထောက်ပို့ပစ္စည်းများ AAလည်း သိမ်းဆည်းရရှိရွှေပြည်စိုး၊ရှိုင်း /People’s Spring မင်းပြားမြို့တိုက်ပွဲသို့ စစ်ကူလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားသေဆုံးပြီး လက်နက်ခခဲယမ်းများလည်းသိမ်းဆည်းနိုင်ခဲ့ကြောင်း နှင့် လေကြောင်းမှ ချပေးသော ထောက်ပို့ပစ္စည်းများကိုလည်း ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AAက သတင်းထုတ်ပြန်သည်။ဇန်နဝါရီလ (၂၀) ရက်နက မင်းပြားမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။” ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်” ဟု AAက ယနေ့ထုတ်ပြန်အသိ‌​ပေးသည်။ AAက ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် လမ်းပေါ်၌ သေဆုံးနေသည့် စစ်ကောင်စီတပ်သားအချို့၊ စစ်ကောင်စီတပ်သားအလောင်း ၁၆လောင်းထက်မနည်းတန်းစီချထားသည့် မြင်ကွင်း၊ တောတွင်းတစ်နေရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးနေသည့် မြင်ကွင်းတို့ ပါရှိသည်။ထို့အပြင် စစ်ကောင်စီတပ်ထံမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို ပြသခဲ့ရာ ရုပ်သံပါ လက်နက်ခဲယမ်းများအား ရေတွက်ကြည့်ရာ လက်နက်ကြီး၊ လက်နက်ငယ် စက်သေနတ် အပါအဝင် လက်နက်မျိုးစုံ ၃၅လက်ထက်မနည်းနှင့် ခဲယမ်းကျည်များစွာ၊ စစ်အသုံးအဆောင်ပစ္စည်းများစွာ ကို AAက ရရှိခဲ့သည်။ထို့ပြင် စစ်ကောင်စီက Y8 လေယာဉ်ပေါ်မှ ချပေးခဲ့သည့် စစ်တပ်ထောက်ပို့ ပစ္စည်းများအား AAက သိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးသည်။ အထုပ်၌ ပါဝင်သည့် ခဲယမ်းနှင့် ပစ္စည်းများကို AA ရဲဘော် အချို့က ထုတ်ယူစစ်ဆေးနေသည့် ရုပ်သံကိုလည်း ဖော်ပြခဲ့ရာ အီနာဂါဗုံးသီးများ၊ လက်နက်ကြီးကျည်၊ လက်နက်ငယ်ကျည်၊ အသင့်စား စားစရာအထုပ်၊ ဆန်ရိက္ခာများ ပါဝင်သည်ကို တွေ့ရသည်။ AAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ ဇန်နဝါရီ ၂၁ရက်တွင်လည်း မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့များ၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။ထို့အပြင် စစ်ကောင်စီက Y8 လေယာဉ်ပေါ်မှ ချပေးသော ထောက်ပို့ပစ္စည်းများကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။မင်းပြားမြို့ပေါ်မှ စစ်ကောင်စီစခန်းများကို AAက ဆက်လက်တိုက်ခိုက်နေပြီး ဒေသခံအများစုသည် စစ်ဘေးတိမ်းရှောင်နေသည်။ စစ်ကောင်စီက မြို့ကို လက်နက်ကြီးနှင့်လေကြောင်းအသုံးပြုကာ တိုက်ခိုက်၍ ဒေသခံများ၏အများအပြား ပျက်စီးနေသည်။” ဒေသခံ‌တွေက မရှိကြတော့ဘူး။ မင်းပြားရော မြောက်ဦးရောက စစ်ကောင်စီစခန်းတွေကို AAက ပိတ်ဆို့ထားပြီးသားဖြစ်တယ်။ စစ်ကောင်စီ အနှေးနဲ့အမြန် လက်နက်ချရလိမ့်မယ်” ဟု မင်းပြားမြို့မှစစ်ဘေးရှောင်လာသည့် ဒေသခံတဦးကပြောသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *