မင်းပြားတွင် စစ်ကူလာသော ခမရ ၂၀၅ တပ်ရင်းကို AA က ကြားဖြတ် တိုက်ခိုက် မှု စစ်သားများသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ လေယာဉ်ဖြင့် ချပေးသည့် ထောက်ပို့ပစ္စည်းများကိုပါ ရရှိဇန်နဝါရီ ၂၂ ရခိုင်ပြည်နယ်၊ မင်းပြားတွင် စစ်ကူလာသော ခမရ ၂၀၅ တပ်ရင်းကို AA က ကြားဖြတ်တိုက်ခိုက်မှု စစ်သားများသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ လေယာဉ်ဖြင့် ချပေးသည့် ထောက်ပို့ပစ္စည်းများကိုပါ ရရှိကြောင်း AA က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် မင်းပြားမြိုသို စစ်ကူတက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းအား ရက္ခိုင့်တပ်တော်က ဖြတ်တောက် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းအချိုကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီ၏ Y8 လေယာဉ်ပေါ်မှ ချပေးသော ထောက်ပိုပစ္စည်းများ အားလည်း ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
Posted inNews