ရာထူးတိုးပြီးမှငရဲသွားတာ

ရာထူးတိုးပေးမယ်ဆိုပြီး ညောင်လေးပင်အပို့ခံရတဲ့ ပြည်မြို့ကစခန်းမှူး တပတ်အကြာမှာ ကျည်ထိသေဆုံးဇန်နဝါရီလ ၂၂ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ အမှတ် ၃ ရဲစခန်းက ရဲအုပ်ဟန်သိန်း ညောင်လေးပင်ကို ပြောင်းရွှေ့ခံရပြီး တပတ်အကြာ တိုက်ပွဲမှာသေနတ်မှန်သေဆုံးလို့ မိသားစုတွေရှိတဲ့ ပြည်မြို့ကို ပြန်သယ်လာခဲ့တယ်လို့ သိရပါတယ်။ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ အမှတ် ၃ ရဲစခန်းအနီးမှာနေထိုင်တဲ့ ရဲအုပ်ဟန်သိန်းဟာ အသက် ၅၂ နှစ်အရွယ်ရှိပြီး ညောင်လေးပင်ကို မပြောင်းရွှေ့ခင် ပြည်မြို့ အမှတ် ၃ ရဲစခန်းမှာ စခန်းမှူးတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ပြောင်းရွှေ့မိန့်ကို ၂၀၂၃ ခုနှစ်ကတည်းက ရထားပေမယ့် ချက်ချင်းမသွားဘဲ ရှောင်လွှဲနေရာကနေ အခုနှစ် ဇန်နဝါရီ ဒုတိယအပတ်ထဲမှ မဖြစ်မနေပြောင်းရွှေ့ခဲ့ရပြီး တပတ်မပြည့်ခင် တိုက်ပွဲကျသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။”ပြည်အမှတ် ၃ စခန်းမှုး ညောင်လေးပင်အပို့ခံရပြီး ၁ ပတ်တောင်မကြာဘူး။ ကျောကနေပစ်တာ နှလုံးအထိပေါက်ပြီးသေလို့ မနေ့က ပြည်ကိုပြန်သယ်လာတယ်။ သူက ပြောင်းရွှေ့ခွင့်ရတာ ၁ လခွဲလောက်ရှိပြီ။ မပြောင်းချင်လို့ လှည့်ပတ်ပြီး ဝေ့ဝိုက်နေတာ။” လို့ ပြောပါတယ်။ရဲအုပ်ဟန်သိန်းက ညောင်လေးပင်မြို့နယ်ထဲက တိုက်ပွဲတခုမှာ သေနတ်ထိမှန်ပြီး ဇန်နဝါရီ ၂၁ ရက်က သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပေမယ့် အသေးစိတ်အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။သေဆုံးသွားတဲ့ ရဲအုပ်ဟန်သိန်းရဲ့ အလောင်းကို ဇန်နဝါရီ ၂၁ ရက်က ပြန်သယ်လာခဲ့တာဖြစ်ပြီး ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်က သူ့ရဲ့နေအိမ်ကို ၂၂ ရက် ဒီနေ့ မနက်မှာ ရောက်လာခဲ့တယ်လို့ သိရပါတယ်။အသက် ၅၂ နှစ်အရွယ် ရဲအုပ်ဟန်သိန်းကို ဇန်နဝါရီ ၂၃ ရက် မနက်ဖြန် နေ့လယ် ၁၂ နာရီမှာ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *