ရွှေဘိုမြို့နယ် သီလုံးပြည်သူ့စစ်စခန်းအား လနအချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ရွှေဘိုမြို့နယ် သီလုံးပြည်သူ့စစ်စခန်းအား တော်လှန်ရေးတပ်တွေ တိုက်ခိုက်ချေမှုန်း

လက်နက်အချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ဇန်နဝါရီ ၂၂ ရက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ သီလုံးပြည်သူ့စစ်စခန်းအား တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ Shwebo Crocodile အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၀ ရက် ည ၁၂ နာရီကျော်အချိန်မှာ သီလုံးပြည်သူ့စစ်စခန်းအား တော်လှန်ရေးတပ် တွေ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ ထွက်ပြေးသွားကာ စခန်းအ တွင်း ကာပိုင်သေနတ် ၁ လက်၊ ပြောင်းချောသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၂ လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို Shwebo Crocodile ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊တံတားညီနောင် အဖွဲ့ ၊ကျားညီနောင်၊ NDRF ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊တန (၂) တပ်ပေါင်းစု ညီအကိုများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *