ကားပျက်လေးတော့ထားခဲ့ပါ

ဆိပ်ဖြူမြို့ရှိ ကပစ ၂၂ မှ ထွက်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ကား ၁ စီး ပျက်စီးဇန်နဝါရီ ၂၂မကွေးတိုင်း၊ ဆိပ်ဖြူမြို့ရှိ ကပစ ၂၂ မှ ထွက်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆိပ်ဖြူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ မှ ထွက်လာသော စစ်ကား ၂ စီးကို ကူရှည်ကျေးရွာ အနောက်ဘက် သပိတ်သပင်လမ်းခွဲတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ယင်းမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာသည့် စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး စစ်ကား ၁ စီး လုံး၀ ပျက်စီး သွားကြောင်း သိရသည်။ “မိုင်းဆွဲခံလိုက်ရတဲ့ စစ်ခွေးတွေက အနီးအနားမှာရှိတဲ့ လယ်စောင့်တဲ ၁ လုံးကို မီးရှို့ဖျက်စီးသွားတယ်။ ကားကိုတော့ သူတို့ ပြန်ဆွဲသွားတယ်” ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်းတပ်ခွဲ ၃ နှင့် ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *